တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ဘုတ်ပြင်းမြို့နယ်လမ်းပိအဏ္ဏဝါအမျိုးသားဥယျဉ်ဝါးအလယ်ကျွန်း တွင် သဘာဝအခြေခံခရီးသွားအပန်းဖြေစခန်းကို
အမေရိကန်ဒေါ်လာ ၁ဝသန်းရင်းနှီးမြှုပ်နှံကာ သုံးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ကော့သောင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ထံမှ သိရသည်။
အဆိုပါအပန်းဖြေစခန်းစီမံကိန်းကို သစ်ပင်၊ကျက်စားနေထိုင်သည့် ရေနေကုန်းနေသတ္တဝါဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေဘဲ
အဏ္ဏဝါဗေဒကျောင်းသားများ၊ကမ္ဘာအရပ်ရပ်မှ သုတေသနပညာရှင်များ သုတေသနပြုလုပ်ရန်နှင့် ခရီးသွားဧည့်သည်များအနားယူအပန်းဖြေအနားယူရန်ရည် ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟုသိရသည်။
တည်ဆောက်ရေးအတွက်လိုအပ်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ဒေသခံပြည်သူများ၊လုပ်ငန်းရှင်များ နှင့် ကိုယ်စားလှယ်တချို့ကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း၊
စီမံကိန်းကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် ကောင်းကျိုး၊ဆိုးကျိုးများ စွန့်ပစ်အမှိုက်နှင့် အညစ်အကြေးစီမံခန့်ခွဲမှုတုံ့ပြန်မည့် အစီအစဉ်များကို
စနစ်တကျ လုပ်ထားမှုများရှိသောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သဘာဝအခြေခံခရီးသွားအပန်းဖြေစခန်းစီမံကိန်းကို ၃၉၃၄ဧကရှိ ဝါးအလယ်ကျွန်းဧရိယာမှ ၁ဝ၅ဧကအသုံးပြုကာ Benchmade Asia(Myanmar Limited)မှ ဆောင်ရွက်မည်ဖြစ်ပြီး
စီမံကိန်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
ဇီဝမျိုးစုံမျိုးကွဲစီမံခန့်ခွဲမှုအစီအစဉ်များ၊လူမှုစီးပွားဝန်းကျင်ဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်များရောယှက်ပြောင်းလဲမှုအမွေအနှစ်များရောယှက်ပြောင်းလဲမှုလျှော့ချခြင်း
အစီအစဉ်များ၊ပတ်ဝန်းကျင်ဆိုင်ရာလေထုအရည်အသွေးဆန်းစစ်တိုင်းတာမှုဆိုင်ရာများနှင့် လန်ပိကျွန်း၏တောင်ဘက်နှင့် ညောင်ဝိကျွန်း၏မြောက်ဘက်ခုနှစ်မိုင်အကွာတွင်
ရှိသည့်မကြုံဂလက်ခေါ် ဆလုံကျေးရွာရှိဒေသခံဆလုံလူမျိုးများနှင့် ပြည်သူများ၏လူမှုရေး၊ကျန်းမာရေး၊စီးပွားရေးအန္တရာယ်ကင်းရှင်းစေရေးအစီအမံများဆောင်ရွက်ထားကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးမြိတ်ကျွန်းစုတွင်ကျွန်းကြီး၊ကျွန်းငယ်ပေါင်း ၈ဝဝကျော်ရှိသည့်အနက်ခရီးသွားလုပ်ငန်းအဖြစ်ဆောင်ရွက်ရန်ကျွန်း ၁၁ကျွန်းကိုခွင့်ပြုထားကာ
၂ဝ၁၅ခုနှစ်တွင် ခရီးသွား ၂၇ဝဝဝဝဦး၊၂ဝ၁၆ခုနှစ်တွင် ၃ဝဝဝဝဝကျော်နှင့် ၂ဝ၁၇ ခုနှစ်တွင် သြဂုတ်လအထိပြည်တွင်း ၆ဝဝဝခန့်၊ပြည်ပခရီးသွား ၁၅ဝဝဝဝခန့်ဝင်ရောက်မှုရှိခဲ့ကြောင်းသိရသည်။
Pyi Myanmar