ဂျပန်နိုင်ငံ၏ ၁ဝဝ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင်အကြီးဆုံး ဖြန့်ချိရေး ကုန်လှောင်ရုံ အဆောက်အအုံ (Distribution Warehouse) ဖွင့်ပွဲကို သီလဝါအထူး စီးပွားရေးဇုန် ဇုန် (A) ၌ ဇွန် ၁၂ ရက်က ကျင်းပခဲ့သည်။
အဆိုပါ ကုန်လှောင်ရုံကြီး ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ၊ မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး နှင့်
Ryobi Myanmar ဖြန့်ချိရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ဖွင့်ပွဲသို့ ရန်ကုန်စီးပွားရေး အသိုက်အဝန်းမှ မြန်မာနှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင် ၃ဝဝ ကျော် လည်း တက်ရောက်လေ့လာခဲ့ကြသည်။
“သီလဝါအထူးစီးပွားရေးဇုန်မှာ ခုလို မြန်မာနိုင်ငံမှာအကြီးဆုံးဖြန့်ချိရေး ကုန်လှောင်ရုံ ပေါ်ပေါက် လာခြင်း ဟာ ရန်ကုန် တိုင်းဒေသကြီးအတွက်သာမက မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကိုများစွာ အထောက် အကူပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊
စီးပွားရေးဖွံ့ ဖြိုးဖို့ဆိုတာ ထုတ်လုပ်မှုတစ်ခု တည်းနဲ့ မပြီးပါဘူး၊ ကုန်ပစ္စည်းတွေ လိုအပ်တဲ့အချိန်မှာ ထုတ်ယူနိုင်ဖို့ သိုလှောင်ဖြန့်ချိရေးစနစ်ဟာလည်း အရေးကြီး ပါတယ်၊
ဒီကနေတစ်ဆင့် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကိုလည်း အဆင် ပြေချောမွေ့စွာ လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဝန်ကြီး မှ ပြောသည်။
အဆိုပါ ဖြန့်ချိရေးကုန်လှောင်ရုံကို ဂျပန်နိုင်ငံရှိ Ryobi Myanmar ဖြန့်ချိရေးဝန်ဆောင်မှု ကုမ္ပဏီလီမိ တက်က ဂျပန်ယန်းငွေ စုစုပေါင်း ၂၉ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ ၂ဝ၁၇ ဖေဖော်ဝါရီလက စတင်တည် ဆောက်ခဲ့ပြီး
ယခု ၂ဝ၁၈ ဇွန်လတွင် ပြီးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဒီ ODA နဲ့ ဂျပန်စီးပွားရေး ကုမ္ပဏီတွေက လာရောက်ရင်းနှီးမြှုပ်နှံကြမယ်၊ ODA နဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေ အားကောင်း လာမယ်ဆိုရင် မြန်မာစီးပွားရေးတိုးတက်ဖို့ အခိုင်အမာယုံကြည်ပါတယ်၊
သီလဝါအထူးစီးပွားရေးဇုန်မှာ ခုလို ဂျပန်စီးပွားရေး လုပ်ငန်းတွေ ဆက်တိုက်ဆက်တိုက်ဖွင့်လှစ်သွားနိုင်ဖို့ တွန်းအားပေး ဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟု ဂျပန်သံအမတ် ကြီးကပြောသည်။
အဆိုပါ ဖြန့်ချိရေးကုန်လှောင်ရုံကို အကျယ်အဝန်း စတုရန်း မီတာ ၅သောင်းကျော်သော မြေနေရာတွင် ဧရိယာ ၃၆ဝဝဝ စတုရန်းမီတာအကျယ် တည်ဆောက်ထားသဖြင့် မြန်မာနိုင်ငံ တွင် အကြီးဆုံးဖြစ်ကြောင်း၊
ကုန်လှောင်ရုံတွင် Frozen, Chilled, Aircon, Dry စသည်ဖြင့် အပူချိန်အမျိုးမျိုး ကို ထားရှိပေးနိုင်ကြောင်း၊ သဘာ၀ ပတ်ဝန်းကျင်အတွက် သင့်လျော်သော နောက်ဆုံးပေါ် လေအေးပေးစနစ်ဖြစ် သည့်
အမိုးနီးယားနှင့် ကာဗွန်ဒိုင် အောက်ဆိုက် လေအေးပေးစနစ်ကို ထည့်သွင်း အသုံးပြုထားကြောင်း၊ ယင်းစနစ်မှာ မြန်မာနိုင်ငံတွင် ပထမဆုံးအသုံးပြုသည့် စနစ်လည်းဖြစ်ကြောင်း၊
၄၈ နာရီ လျှပ်စစ်ဓာတ်အား ထောက်ပံ့ ပေး နိုင်သောစနစ်လည်း ပါဝင် သောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းကြောင့် ထိခိုက်ဆုံးရှုံး နိုင်မှုများမှလည်း ကာကွယ်နိုင်ကြောင်း သိရသည်။
အဆောက်အအုံတွင် အထပ်နှစ်ထပ်ပါရှိပြီး ပထမထပ်တွင် ကုန်တင်ယာဉ်အစီး ၂ဝ၊ ဒုတိယထပ်တွင် အစီး ၂ဝ တစ်ပြိုင်တည်း ကုန်တင်ကုန်ချ ပြုလုပ်နိုင်သဖြင့် အဆိုပါဖြန့်ချိရေး ကုန်လှောင်ရုံကြီးမှာ
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ အကြီးဆုံး ကုန်လှောင်ရုံဖြစ်သည်သာမက နည်းပညာအမြင့်မားဆုံးကုန်လှောင်ရုံလည်းဖြစ်ကြောင်း သိရသည်။