ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းရဲ့ လမ်းပိုင်းတစ်ခုဖြစ်တဲ့ ပဲခူး-ပုဇွန်တောင်လမ်းပိုင်းအဆင်မြှင့်မယ့်လုပ်ငန်းကို စတင်တော့မှာ ဖြစ်ပါတယ်။
အဲဒီ့လမ်းပိုင်း အဆင့်မြှင့်မယ့်လုပ်ငန်းစတင်တဲ့အထိမ်းအမှတ်ပွဲကို မေလ ရန်ကုန်ဘူတာကြီးမှာပြုလုပ်ခဲ့ပါတယ်။
လမ်းပိုင်းအဆင့်မြှင့်တင်တာကို မြန်မာ့မီးရထား၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) နဲ့အတူ ဂျပန်ကုမ္ပဏီတွေနဲ့မြန်မာကုမ္ပဏီတွေ ဖက်စပ်တာဝန်ယူဆောင်ရွက်မှာပါ။
လုပ်ငန်းပိုင်းကိုတော့ အချိန်မီဆောင်ရွက်ကြဖို့အတွက် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြောပါတယ်။
ဒီလုပ်ငန်းတွေကို ဂျပန်နိုင်ငံရဲ့ချေးငွေနဲ့ဆောင်ရွက်တာဖြစ်ပြီး လမ်းပိုင်းတစ်ခုကိုအကြမ်းဖျင်းအနေနဲ့ အမေရိကန်ဒေါ်လာ သန်းသုံးရာလောက်ကုန်ကျပြီး လေးနှစ်လောက် အချိန်ယူဆောင်ရွက်ရမယ်လို့လည်း သိရပါတယ်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို ရန်ကုန်-တောင်ငူ၊ တောင်ငူ-မန္တလေးလမ်းပိုင်းဆိုပြီး အဆင့်၂ဆင့်နဲ့ ခွဲခြားဆောင်ရွက်တာ ဖြစ်ပါတယ်။
ရန်ကုန်-တောင်ငူလမ်းပိုင်းကိုလည်း အပိုင်းသုံးပိုင်းခွဲပြုလုပ်နေတာဖြစ်ပြီး အခုဆောင်ရွက်တဲ့ ပဲခူး-ပုစွန်တောင်လမ်းပိုင်းက တစ်ခုအပါအဝင်ဖြစ်ပါတယ်။