ဂုတ်ထိပ်တံတားနှင့်အပြိုင်တံတားသစ်တစ်စင်းကို B.O.T စနစ်ဖြင့် တည်ဆောက်သွားမည်


06 December, 2020

ကမ္ဘာကျော်ဂုတ်ထိပ်တံတားနှင့် အပြိုင်တံတားသစ်တစ်စင်းကို ထပ်မံတည်ဆောက်သွားမည်ဖြစ်ရာ ကန်ဒေါ်လာသန်း ၁ဝဝ ကျော်ရင်းနှီးမြှုပ်နှံ၍ B.O.T စနစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာနမှ သိရသည်။


အသေးစိတ်အချက်အလက်များပါဝင်သော စာချုပ်ပြုလုပ်
xxxxxxxxxxxxxxxxxxxxxxxxxxxxx

        ထိုသို့တည်ဆောက်ရန်အတွက် အသေးစိတ်အချက်အလက်များပါဝင်သည့် စာချုပ်ကိုစတင်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။တံတားတည်ဆောက်မှုက PPP နှင့်သွားမည်။ဒီစီမံကိန်းက မန္တလေး-မူဆယ်အဝေးပြေးလမ်းမကြီးတွင် ရှိသောကြောင့် အဲ့ဒါကို ဆောင်ရွက်နေသည့် Oriental Highway နှင့် အသေးစိတ်အချက်အလက်များပါဝင်သော စာချုပ်လုပ်နေတယ်။

တည်ဆောက်ဖို့ကလိုသေးတယ်။စာချုပ်က အဆင့်ဆင့်သွားရဦးမယ်။နိုင်ငံတော်အဆင့် ခွင့်ပြုချက်လည်း လိုသေးတယ် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။


အချိန်ကုန်သက်သာ
xxxxxxxxxx

မန္တလေး-လားရှိုးလမ်းပေါ်တွင် တည်ရှိသော ဂုတ်တွင်းလမ်းသည် ယာဉ်အသွားအလာများပြားပြီး ထိုလမ်းတွင် ယာဉ်တစ်စုံတစ်ရာဖြစ်ပါက အချိန်အတော်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်တတ်ရာ မူလတည်ရှိသည့်ဂုတ်ထိပ်တံတားနှင့်အပြိုင်တံတားသစ်အဖြစ် ကြိုးဆိုင်းတံတားကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊အဆိုပါတံတားကြီးတည်ဆောက်မှုပြီးစီးပါက ဂုတ်တွင်းသို့ ဝင်ထွက်သွားလာရသည့်အချိန် ၄၅ မိနစ်ခန့်သက်သာသွားမည်ဖြစ်ကြောင်း သိရသည်။

Local Read 45 times