ကြွေးမြီ ကန်ဒေါ်လာ ၃၂ ဘီလီယံ ကိုင်တွယ်ဖြေရှင်းရန် China Evergrande က  အမေရိကန်တရားရုံးတွင် အကာအကွယ်ပ


18 August, 2023

ကြွေးမြီ ကန်ဒေါ်လာ ၃၂ ဘီလီယံ ကိုင်တွယ်ဖြေရှင်းရန် China Evergrande က  အမေရိကန်တရားရုံးတွင် အကာအကွယ်ပေးရန် ဦးတိုက်လျှောက်ထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် ရုံးချုပ်ထားရှိသည့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း China Evergrande Group သည် ကြွေးရှင်များကို တားဆီးကာကွယ်ပေးရန် အမေရိကန်မှ လူမွဲခံယူခြင်းဆိုင်ရာ တရားရုံးသို့ ဦးတိုက်လျှောက်ထားပါသည်။

ကုမ္ပဏီသည် အမေရိကန် လူမွဲခံယူခြင်းဥပဒေ အခန်း ၁၅ အရ အကာအကွယ်ကို ရယူဖို့ ကြိုးပမ်းခြင်းဖြစ်သည်။
အမေရိကန် မဟုတ်သော ကုမ္ပဏီ၏ အမေရိကန်မှ ပိုင်ဆိုင်မှုများကို ကြွေးရှင်များက တရားစွဲဆိုပြီး သိမ်းယူခြင်း၊ ထုခွဲရောင်းခြင်းများ မပြုနိုင်အောင် တားဆီးပေးထားရန် တရားရုံးတော်၏ အကာအကွယ်ကို ရယူရန်ဖြစ်သည်။

China Evergrande Group သည် ပြည်တွင်းပြည်ပ စုစုပေါင်းကြွေးမြီ  ကန်ဒေါ်လာ ၃၀၀ ဘီလီယံကျော် ရှိနေပြီး ပြည်ပကြေံးမြီ ကန်ဒေါ်လာ ၃၁.၇ ဘီလီယံ ရှိနေသည်။ ငွေချေးစာချုပ်များ၊ အပေါင်ပစ္စည်းများနှင့် ပြန်လည်ဝယ်ယူရန် တာဝန်ယူခြင်း အစီအစဉ်များဖြင့် ချေးငွေများ ရယူထားသည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global Read 353 times