မေးခွန်းများစွာဖြင့် Eco Green City


19 November, 2020

မေးခွန်းများစွာဖြင့် Eco Green City 

စီးပွားရေးမြို့ ရန်ကုန်မြို့မှ မိနစ် အနည်းငယ်ကြာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအတိုင်း ကားမောင်း သွားလျှင် ဘေးတစ်ဖက်တစ်ချက် ရှိ ဧက ၁,၆ဝဝ ကျော်သည့် မြေနေရာကျယ်ကြီး ခြံဝင်းခတ်ထား သည်။

မြေကွက်ကျယ်ကြီးကို အပြာရောင်ခြံစည်းရိုးများဖြင့် မျက်စိ တစ်ဆုံး ကာရံထားပြီး ‘စီမံကိန်း ဆောင်ရွက်နေသော နိုင်ငံတော် အစိုးရပိုင်မြေ မကျူးကျော်ရ’ ဟူ သော ဆိုင်းဘုတ်များ ချိတ်ဆွဲထား သည်။

ထိုနေရာတွင် ရန်ကုန်တိုင်း အစိုးရက နိုင်ငံတကာအဆင့်မီ Smart City ဟုခေါ်သည့် မြို့ပြစီမံကိန်း တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

ထိုစီမံကိန်းကြီး အကောင်အထည်ပေါ်လာပါက အမြန်လမ်းဘေးရှိ မြေကွက်လပ်နေရာကျယ်သည် မိုးမျှော်တိုက်များ၊ လူနေအိမ်ရာများ၊ အလုပ်ရုံ၊ စက်ရုံ၊ ဟိုတယ်၊ အပန်းဖြေနေရာများနှင့် မြို့ပြတစ်ခုမျှ ကြီးကျယ်ခမ်းနားသည့် နေရာတစ်ခု ဖြစ်လာလိမ့်မည်။

အဆိုပါ စီမံကိန်းဧရိယာ သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် (၃) မှ (၅)ကြားတွင် တည်ရှိပြီး မြေဧရိယာ ဧက ၁,၆ဝဝ ကျော် ကျယ်ဝန်း သည်။

ထိုဧရိယာသည် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ပေါင်း ဧရိယာ၏ ထက်ဝက်ခန့် ကျယ် လေသည်။

သို့သော် ထိုမျှကြီးမားကျယ် ဝန်းသော စီမံကိန်းကို လုပ်ငန်းများ မည်သို့ အကောင်အထည်ဖော် မည်၊ ဒေသခံများအတွက် အကျိုး အမြတ် မည်မျှရှိမည် စသည့် ကိစ္စ အဝဝကို အစိုးရကလွဲ၍ မည်သူမျှ သိရှိမထားပါချေ။

ထိုဒေသကိုယ်စားပြု လွှတ် တော်ကိုယ်စားလှယ်များပင် စီမံ ကိန်းအကြောင်း မသိရှိကြောင်း လှည်းကူးမြို့နယ်  ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်များက တညီ တညွတ်တည်း ဆိုပါသည်။

ထိုစီမံကိန်းသည် လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် မှ ၂ဝ၁၅ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်ရွေး ချယ် အနိုင်ရခဲ့သည့် လှည်းကူး  မြို့နယ်၌ တည်ရှိသည်။

ယင်းအချက်ကပင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

စီမံကိန်းအတွက် ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းအကောင်အထည်ဖော်မည့်အချိန်၊ အကျိုး အမြတ်ခွဲဝေမှုများကို ရန်ကုန်တိုင်း အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့်

ကုမ္ပဏီဘက်က လွှတ် တော်ကိုယ်စားလှယ်များ အပါအဝင် ဒေသခံများကို ရှင်းပြခြင်း မရှိသေးကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် မှပြော ကြားကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို Eco Green City ဟု အမည်ပေးထား ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ၊ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။

ယင်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရ တို့က ၂၀၁၇ ဒီဇင်ဘာ ၂၃ ရက်တွင် ပန္နက်တင်အခမ်းအနား ပြု လုပ်ခဲ့သည်။

Eco Green City စီမံကိန်းကို ယခင်အစိုးရ လက်ထက်ကတည်း က စတင်အကောင်အထည်ဖော် ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ နှင့် ၂၀၁၆  တွင် စီမံကိန်းဧရိယာ အတွင်း ကျူးကျော်နေထိုင်သူများ ကို အစိုးရက အင်အားသုံးဖယ်ရှားခဲ့သည်။

၎င်းတို့၏ဥယျာဉ်၊ ခြံမြေများ လည်း အဆိုပါစီမံကိန်းတွင် ပါဝင် နေကြောင်း စီမံကိန်းနယ်မြေတွင် ပါဝင်၍ ဖယ်ရှားခံခဲ့ရသူ တစ်ဦးမှ ပြောကြားကြောင်း သိရသည်။

စီမံကိန်းဧရိယာသည် ဧက ၁,၆ဝဝ ကျော် ဖြစ်သော်လည်း စီမံ ကိန်းအသုံးပြုမည့်မြေသည် ဧက ၁,၄၀၀ ကျော်ဖြစ်ကြောင်း မြို့ပြ နှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မှ  ပြောသည်။

ယင်းမြေယာ များကို နိုင်ငံတော်မြေအဖြစ် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက လွှဲ ပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

အဆိုပါ စီမံကိန်းမြေသည် ယခင်လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနက စီ မံကိန်းဆောင်ရွက်ရန် လွှဲပြောင်း ယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

အကျိုးအမြတ် ခွဲဝေမှုကို နိုင်ငံတော်က ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာ ခိုင်နှုန်းကြား ရရှိမည်ဟု ခန့်မှန်း ထားကြောင်း စီမံကိန်းဖွင့်လှစ်ပြီး တစ်လအကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

စီမံကိန်းအစပိုင်းတွင် ကျပ် ၉၆ ဘီလီယံရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန တာဝန်ရှိသူများက ပြောထားသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာအခန်း ၄,ဝဝဝ ခန့်ကို ၂ဝ၁၈ မှ ၂ဝ၂၁ အတွင်း ဆောက်လုပ်မည်ဖြစ်ပြီး ဝင်ငွေ ကျပ်ငါးသိန်းအောက် မိသားစုများကို ဦးစားပေးရောင်းချမည်ဟု လည်းဆိုသည်။

‘စီမံကိန်းအကောင်အထည် ဖော်ရန် ကုမ္ပဏီဘက်မှ Master Plan (စီမံကိန်းပုံစံ)ကို ပြန်လည် ရေးဆွဲနေပြီး ရေးဆွဲမှု ပြီးမှ ဘယ် လောက် ကုန်ကျစရိတ်ရှိမယ်ဆို တာ သိရမည် ဟု ဖြစ်သည်။

လက်ရှိအစိုးရသည် အဆိုပါ စီမံကိန်းအတွက် ယခင်အစိုးရ ချုပ်ဆိုခဲ့သော စာချုပ်များကို ပြန် လည်ပြင်ဆင်ခြင်းမရှိဘဲ ဆက် လက် လုပ်ကိုင်ခြင်းဖြစ်ကြောင်းမှ ပြောသည်။

စီမံကိန်းလုပ်ကိုင်ခွင့် တင်ဒါ ရရှိထားသည့် Alliance Star Group of Companies  အမှု ဆောင်အရာရှိချုပ် မှ အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်

ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့ ၏ အစီအမံဖြင့် အငှားအိမ်ရာများ စီစဉ်ပေးမည်ဟုဆိုသည်။ နှစ်ရှည် စနစ်ဖြင့် ရောင်းချမည်ဟုလည်း ဆိုထားသည်။

အငှားအိမ်ရာများကို သုံးနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး နှစ်အလိုက် အိမ်ရာများ တည်ဆောက် ပြီးစီးသလောက် အစိုးရကို အပ်နှံမည်ဟု ၎င်းကဆို သည်။

 အငှားအိမ်ရာစနစ်ဆိုသည် မှာ ဝန်ထမ်းနှင့် ဝင်ငွေနည်း ပြည် သူများအတွက် တိုက်ခန်းများကို ဈေးသက်သာစွာ ငှားပေးခြင်းဖြစ် သည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆိုထားသည်။

Eco Green City စီမံကိန်းကို အစိုးရနှင့် အကျိုးတူပူးပေါင်းအ ကောင်အထည်ဖော်မည့် ကုမ္ပဏီ က တိုင်းလွှတ်တော်ကိုယ်စား လှယ်များကို လာရောက်ရှင်းပြ သော်လည်း အစိုးရနှင့်

အကျိုးအ မြတ်သဘောတူ စာချုပ်မချုပ်ဆိုရ သေးကြောင်း၊ ကုမ္ပဏီနှင့်အစိုးရ ကြား အကျိုးအမြတ်အပေးအယူ လည်း မသိရသေးကြောင်း ဒဂုံမြို့ နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်မှ ပြောကြားကြောင်း သိရသည်။

လုပ်ငန်းရှင်က ပန္နက်ရိုက် ပြီး လုပ်ငန်းအကောင်အထည်ဖော် တော့မည်။ကုမ္ပဏီဘက်မှ လာရှင်းပြပြီး သို့သော အပေး အယူတောင် တိတိကျကျမပြော နိုင်ဘူး။

အခြေခံလိုအပ်ချက်ဖြစ် တဲ့ ရေ၊ မီးတောင် ဘယ်လိုလုပ် မယ်ဆိုတာ မပြောနိုင်ဘူး။ ဒါတွေ က ဟာသဆန်၊ ကလေးဆန်တယ် လို့မြင်သည် ဟု ၎င်းကဆိုသည်။

 ရန်ကုန်တိုင်းတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅ ဒသမ ၂ သန်းရှိပြီး နှစ်စဉ်အိမ်ရာအခန်း လိုအပ်ချက် ၈,ဝဝဝခန့် ရှိလာမည်ဖြစ်ကြောင်း Oxford Business Group က ခန့်မှန်းထား သည်။

လာမည့် ၂၀၄၀ တွင် မြန်မာ နိုင်ငံ၏ လူဦးရေသည် သန်း ၇၀ ကျော်မည်ဖြစ်သည်။ ထိုကာလ တွင် အိမ်ရာ ၄ ဒသမ ၈ သန်း လို အပ်မည်ဖြစ်ပြီး ရန်ကုန်တွင် တစ် သန်းလိုအပ်မည်ဟု ဆောက်လုပ် ရေးဝန်ကြီးဌာနက ခန့်မှန်းထား သည်။ ရန်ကုန်မြို့တွင် ၂၀၄၀ ၌ အိမ်ရာအခန်း ၁၈၀,ဝဝဝ ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနက ဆောက်လုပ်ရန် စီစဉ်နေ သည်။

Eco Green City ဆိုသည် မှာ ကာဗွန်ထုတ်လုပ်ခြင်းကို ပြန် လည်သန့်စင်မည့် ပတ်ဝန်းကျင် ရှိခြင်း၊ သဘာဝအလင်းရောင်ကို အသုံးပြုခြင်းနှင့် ဇီဝလောင်စာသုံး စွဲမှု လျှော့ချခြင်းကို ဆိုလိုခြင်းဖြစ် သည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးပညာရှင် မှ ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပေါ်လာမည့် Eco Green City ကို ကြိုဆိုကြောင်း၊ ထိုင်းနှင့်စင်ကာပူ နိုင်ငံတို့တွင် အဆိုပါစနစ်များကို အသုံးပြုနေကြောင်း၊ စီမံကိန်း တွင် အဆင့်မြင့်နည်းပညာများ ပါဝင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

 သို့သော် မြန်မာနိုင်ငံတွင် Eco Green City စီမံကိန်း အ ကောင်အထည်ဖော်ပါက နည်း ဥပဒေများ၊ စည်းကမ်းများ ဦးစွာ ပြဋ္ဌာန်းသင့်ကြောင်း ၎င်းကအကြံ ပြုသည်။ ထိုပြဋ္ဌာန်းချက် စည်းကမ်းများနှင့် အညီသာ ဖော် ဆောင်သင့်ကြောင်း ဆိုသည်။ ထိုသို့ သတ်မှတ်ချက်မရှိပါက အမည်ခံ Eco Green City သည် ရှက်စရာသာဖြစ်မည်ဟု ဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် Eco Green City သည် အနာဂတ် မဟာရန်ကုန်မြို့ အတွက် မဖြစ်မနေပေါ်ထွက်လာ မည့် စီမံကိန်းတစ်ခုအဖြစ် အစိုးရ က စီမံထားသည်။ ရန်ကုန်မြို့တွင် ပထမဦးဆုံးတည်ဆောက်မည့် မိုး ပျံလမ်း တည်ဆောက်မှုတွင် အဆိုပါ Eco Green City ၏ ယာဉ်ကြောကျပ်တည်းမှုကိုပါ လျှော့ချရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ် မှ ပြော သည်။

ထို မိုးပျံလမ်းက အနာဂတ် ဖြစ်လာမယ့် ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် ရည်ရွယ် ထားပြီးကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်ရော၊ Eco Green City အတွက်ရော ယာဉ်ကြောကျပ်တည်းတာ လျှော့ချဖို့ ရည်ရွယ်ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ရန်ကုန်မြို့၏ မြို့ ပြလူနေမှုစနစ်အတွက် အိမ်ရာ များ လိုအပ်နေပြီး Eco Green City သည် ရန်ကုန်မြို့အတွက် ရှေ့ဆောင်အိမ်ရာစီမံကိန်းတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ထား ကြောင်း ပညာရှင်များက ဆိုကြ သည်။ သို့သော် ကုမ္ပဏီအကျိုးအမြတ်အတွက်သာ မဖြစ်သင့်ဘဲ နိုင်ငံတော်နှင့်ပြည်သူများပါ    အကျိုးများအောင် အစိုးရအနေဖြင့် လိမ္မာပါးနပ်စွာ အကောင်အထည် ဖော်ရန် လွှတ်တော်ကိုယ်စား လှယ်များက တိုက်တွန်းထား သည်။          

Source:7day daily

Infrastructure and Zones Read 166 times