သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းအနီးတွင်တည်ဆောက်နေသည့် Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်းပထမအဆင့်ကို ၂၀၂၂ ခုနှစ်တွင်ပြီးစီးမည်ဖြစ်ပြီး အပျော်စီးရွက်လှေဆိပ်ပါပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ထိုအဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်းနှင့်ပတ်သက်ပြီး စက်တင်ဘာ ၃၀ ရက်နေ့တွင် စီမံကိန်းတည်ဆောက်မည့်နေရာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
“စီမံကိန်းအတွက်အရင်းနှီးမတည်ငွေမှာ ဒေါ်လာသန်း ၈၀၀ ဖြစ်ပြီး ပရောဂျက်မှာ ၃၇ ဧကရှီပါတယ်။ပထမဆုံးအနေဖြင့် ၁၇ ဧကကိုစဆောက်မည်ဖြစ်သည်။၁၇ ဧကမှာမှ Phase 1 နှင့် Phase 2 ကိုခွဲခြားထားတယ်။Phase 1 မှာတိုက်ငါးလုံးပါပြီးတော့ ၂၀၂၂ ခုနှစ်မတ်လတွင် အခန်းအပ်မည်ဖြစ်သည်။ကျန်သည့်အပိုင်းကို နောက်သုံးနှစ်ပရောဂျက်နဲ့ Phase 2 ဆိုပြီးတော့ ကျန်တဲ့ Shopping Mall စတာတွေကိုလည်း လုပ်သွားမည်ဟု” Emerald Bay မှ Investment Director Mr.Dylan ကပြောကြားသည်။
လက်ရှိတွင်တိုက်ခန်းအရောင်းဈေးကွက်ကျဆင်းနေသော်လည်းအတိုင်းအတာတစ်ခုသာကြာမြင့်မည်ဖြစ်ပြီး ပြန်လည်မြင့်တက်လာမည်ဖြစ်သည်။
ရန်ကုန်တိုင်းတွင်နေထိုင်သည့်လူဦးရေခုနှစ်သန်းရှီပြီး အဆင့်မြင့်မြင့်နေထိုင်ခြင်သူများအတွက် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သည့် အဆင့်မြင့်ကွန်ဒိုတစ်ခုဖြစ်ကြောင်း Investment Director Mr.Dylan ကထပ်မံပြောကြားသည်။
အဆင့်မြင့်ကွန်ဒိုစီမံကိန်းတွင်အပျော်စီးရွက်လှေဆိပ်ပါဝင်မည်ဖြစ်ပြီး ပဲခူးမြစ်ကမ်းပေါ်တွင်ဆိပ်ခံတံတားဆောက်လုပ်မည်ဖြစ်ကြောင်း၊စီမံကိန်းဆောက်လုပ်ပြီးစီးချိန်တွင်နေထိုင်သူများအတွက် လှေစီးအဖွဲ့များထူထောင်ပေးခြင်း၊အပျော်တမ်းငါးဖမ်းထွက်ခြင်း၊ ရေပေါ်ပါတီဆင်နွဲခြင်းတို့ပါပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
“ဆိပ်ခံတံတားကိုလေးလ သို့မဟုတ် အများဆုံးခြောက်လအတွင်းတည်ဆောက်မှာဖြစ်ပါတယ်။ဒီဆိပ်ခံတံတားကတိုက်န်းမှာနေထိုင်မယ့်သူတွေအတွက်သာမဟုတ်ပဲ ရန်ကုန် Water Bus လိုမျိုးရော Boat တွေရောလာမှာဖြစ်ပါတယ်။ပြည်သူကပါလာရောက်အပန်းဖြေအနားယူလို့ရနိုင်မှာဖြစ်တယ်” ဟု Mr.Dylan ထပ်မံပြောကြားချက်အရသိရသည်။
Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံအိမ်ရာပြပွဲကို သီတင်းကျွတ်တွင်ပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲတွင်ဝယ်ယူသူများအနေဖြင့် အိမ်ရာဝန်ဆောင်မှုနှစ်နှစ်အခမဲ့၊ ဝယ်ယူသည့်အခန်းအမျိုးအစားအလိုက်အမေရိကနု်ဒေါ်လာ ၁၅၀၀ မှ ၃၀၀၀ သို့မဟုတ် စင်ကာပူနှင့်ဘန်ကောက်သို့စရိတ်ငြိမ်းခရီးစဉ်များပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ထိုစီမံကိန်းကို Yangon Golden Paragon Investment Company မှဖော်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။