နိုင်ငံတကာအဆင့်မီ အဆောက်အအုံကြီးများဆောက်လုပ်နေသည့် Emerald Bay စီမံကိန်းတွင် ရင်နှီးမြှုပ်နှံပါက ရင်းနှီးမြှုပ်နှံသူများအတွက် သုံးနှစ်အငှားအာမခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံရန်သင့်တော်သည့် စီမံကိန်းအဖြစ် ရပ်တည်နေသည့် Emerald Bay အနေနှင့်အငှားအာမခံ ပေးအပ်ရာတွင် အခန်းတန်ဖိုး၏ ၆ ရာခိုင်နှုန်းပေးအပ်သွားမည်ဖြစ်ကြောင်း၊နေထိုင်ဖို့ဝယ်ဝယ်၊ရင်နှီးမြှုပ်နှံချင်၍ဖြစ်ဖြစ် နေထိုင်မှုမပြုခင် အခန်းငှားစားချင်သူတွေအတွက် Developer နှင့် ချိတ်ဆက်ပြီး သုံးနှစ်တိတိအငှားရမ်းပေးသွားပြီး အာမခံပေးသွားမှာဖြစ်ကြောင်းသိရသည်။
ငှားရမ်းရမှုရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ အခန်းပိုင်ရှင်က ပရိဘောဂထည့်ပေးရမှာဖြစ်ကြောင်း၊ဝန်ဆောင်မှုအပိုင်းကို ကုမ္ပဏီဘက်ကပေးမှာဖြစ်ကြောင်း၊အငှားအာမခံအတွက် တစ်နှစ်ကို အခန်းတန်ဖိုး၏ ၆ ရာ ခိုင်နှုန်းကိုငှားခအနေနှင့်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
Emerald Bay စီမံကိန်း အနေနှင့်လက်ရှိတွင် တာဝါနှစ်လုံးပြီးစီးနေပြီး ၄၅ ရာခိုင်နှုန်းခန့်ရောင်းချပြီးဖြစ်ကာ အဆိုပါစီမံကိန်းအတွက် ရောင်းချမှုဈေးနှုန်းမှာ တစ်ပေပတ်လည်လျှင် USD-166 နှင့် USD-200 ကြား တွင်ရှိပြီး၎င်းဈေးနှင့်ရောင်းချပေးနေကြောင်း၊နောင်တွင်ဈေးနှုန်း အပြောင်းအလဲရှိလာနိုင်ကြောင်း၊အငှားအာမခံကာလအတွင်းအခန်းတွင်းဖြစ်ပေါ်သည့်ပျက်စီးမှုများကို Developer ဘက်တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။