ရန်ကုန်မိုးပျံအမြန်လမ်းမကြီးအတွက် EoI လျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီ ၅၃ ခုရှိ


04 December, 2020

ရန်ကုန်မိုးပျံအမြန်လမ်းမကြီး စီမံကိန်းနဲ့ပတ်သက်ပြီး လုပ်ဆောင်နေ တာ သုံးလကျော်လောက်ရှိပြီ။

မြေပုံထုတ်၊ ဒီဇိုင်းဆွဲ၊ မြေပြင်စမ်းတယ်။ ကားကျပ်တည်းမှာနဲ့ ကားဝင်ရောက်နိုင်မှု၊ ယာဉ်အစီးရေဘယ်လောက် အထိ ဖြစ်တယ်ဆိုတာ တွက်ချက်နေတာပေါ့။

တွက်ချက်ပြီးချိန်ကျရင် ဆောက်ရမယ့်အသေး စိတ်ဒီဇိုင်းတွေပေါ်လာပြီလေ။ ဒီဇိုင်းအတိုင်း ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ပြန် ခေါ်မယ်။ ခေါ်တဲ့အချိန်ကျရင်

လမ်းအသုံး ပြုခ ဘယ်နှနှစ်ခံစားခွင့် ဒီဇိုင်းတွေပေါ်လာမှ ရင်းနှီးမြှုပ်နှံတဲ့သူက ဒီဇိုင်းတွေပေါ်မူတည်ပြီး တွက်ရမှာ။ ဘယ်လောက်အထိ ရင်နှီးမြှုပ်နှံ မလဲဆိုတာပေါ်လာမှာ။

အဆင်းအတက်နေရာ တွေမှာ ဘေးပတ်ဝန်းကျင်ထိခိုက် မှုမရှိအောင် ဒီဇိုင်းတွေထုတ်ရတာ၊ ထိခိုက်မှုမရှိအောင်လုပ် နေရတော့ နောက်ထပ်သုံးလလုပ်မှ ဒီဇိုင်းက ထွက်မည်ဟုသိရသည်။

ယင်း စီမံကိန်းအတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူအဆိုပြုလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီ ၅၃ ခုတွင် မြန်မာအခြေစိုက်ကုမ္ပဏီ ၁၆ ခုဖြင့် အများဆုံးဖြစ်ပြီး

တရုတ်အခြေစိုက်ကုမ္ပဏီ ၁၃ ခုဖြင့် ဒုတိယအများဆုံး ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် PPP(Public Private Partnership)စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Yangon Elevated Expressway

ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး စီမံကိန်းအတွက် စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စိတ်ဝင်စားမှု လျှောက်လွှာများအား ပေးပို့လျှောက်ထားရန် ကြော်ငြာခဲ့ရာတွင်ပြည်တွင်းပြည်ပ မှ

ရင်းနှီးမြှုပ်နှံလိုသူအဆိုပြုလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီ၅၃ခုရှိပြီး ယင်းစာရင်းကို အများပြည်သူသိရှိနိုင်ရန် ကုမ္ပဏီတစ်ခုချင်းစီ၏ နာမည်များနှင့် တကွ ဆောက်လုပ်ရေးဝန်ကြီးဌာန မှ ဇူလိုင် ၄ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ရင်းနှီးမြှုပ်နှံလိုသူအဆိုပြုလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီများတွင် တတိယအများဆုံးအဖြစ် ဂျပန်ကုမ္ပဏီခုနှစ်ခုပါဝင်ပြီးကိုရီးယား လေးခု၊အိန္ဒိယ သုံးခု၊ထိုင်းနှစ်ခု၊တူရကီ နှစ်ခု၊မလေးရှားနှင့် မြန်မာ

တွဲဖက်ကုမ္ပဏီတစ်ခု၊ဖိလစ်ပိုင်တစ်ခု၊မလေးရှားတစ်ခု၊အင်ဒိုနီးရှားတစ်ခု၊ဗီယက်နမ် တစ်ခု၊ပြင်သစ်တစ်ခု စုစုပေါင်း ကုမ္ပဏီ ၅၃ ခုတို့ပါဝင်သည်။

ထိုသို့ စိတ်ဝင်စားမှုလျှောက်လွှာများ (EoI)ခေါ်ယူခြင်းသည်တင်ဒါလုပ်ငန်း၏ ပထမဆုံးအဆင့်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ်သြဂုတ်လတွင် Request for Qualifications(RFQ)ခေါ်ယူရန် ပြင်ဆင်လျက်ရှိကာ

ယခုနှစ်၏ နောက်ဆုံးသုံးလပတ်အတွင်း Request for Proposals (RFP)ခေါ်ယူခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

“ဒီစီမံကိန်းကို အခုအပိုင်းနှစ်ပိုင်းခွဲပြီး တည်ဆောက်ဖို့ အဆိုပြုလွှာခေါ်ထားတယ်၊အပိုင်းတစ်အနေနဲ့ ရန်ကုန်လေဆိပ်ကနေ ဗိုလ်တထောင်ဘုရားလမ်းအထိ အရင်ဖောက် သွားမယ်”ဟု

ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာမှူးကြီး (အမြန်လမ်းတည်ဆောက် ရေး) မှ ပြောဆိုသည်။

မိုးပျံလမ်းကို ပုဇွန်တောင်မြို့နယ်မှစတင်၍ ဝေဇယန္တာလမ်းဘေးမှ ယင်းလမ်းနှင့်အပြိုင် တည်ဆောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် မြောက် ဥက္ကလာပအဝိုင်း၊ ခရေပင်လမ်းခွဲအတိုင်း

အမှတ်(၃) လမ်းဆုံသို့ ဖောက်လုပ်မည်ဖြစ် သည်။

မိုးပျံလမ်းသည် ၂၀ ဒသမ ၅ ကီလိုမီတာ ရှည်ပြီး လေးလမ်းသွားအဖြစ် တည်ဆောက် မည်ဖြစ်၍ စီမံကိန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေး အကြံပေးအဖြစ်ဆောင်ရွက်ရန်

အပြည်ပြည် ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC) နှင့် သဘောတူစာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း၊ ၂၀၃၅ ခုနှစ်တွင် ရန်ကုန်မြို့၌နေထိုင်သည့် လူဦးရေ ၁၀ သန်းခန့်ရှိလာမည်ဟု

ခန့်မှန်းထားသော ကြောင့် တိုးပွားလာသည့် လူဦးရေနှင့်လက်ရှိ လမ်းပမာဏမျှတစေရန် ရည်ရွယ်၍ တည် ဆောက်ရခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် တည်ဆောက်ရန်လျာထားပြီး တင်ဒါများကို စက်တင်ဘာလ၌ခေါ်ယူနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်သည်။ အဆိုပါမိုးပျံတံတားသည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဗဟို ပြုဆောက်လုပ်သွားမည်ဖြစ်ပြီး မိမိသွားရောက် နိုင်မည့် လမ်းပိုင်းနေရာများကို အတက်အဆင်း ပြုနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်သည်

Local Read 48 times