တောင်ကိုရီးယား Hansae Co.,Ltd စက်ရုံသစ်တစ်ရုံ ထပ်မံ တည်ဆောက်သွားရန်ရှိ


03 December, 2020

တောင်ကိုရီးယားအခြေစိုက် အဝတ်အစားထုတ်လုပ်သည့် Hansae Co.,Ltd က ယခုအခါ မြန်မာနိုင်ငံမှာ နောက်ထပ်စက်ရုံသစ်တစ်ရုံ ထပ်မံ တည်ဆောက်သွားရန်ရှိသည်ဟု သိရသည်။

လက်ရှိကာလတွင် ပြည်တွင်း ငွေကြေးတန်ဖိုး အားကောင်းနေမှုနဲ့အတူ ကုန်ကြမ်းပစ္စည်း ဈေးတက်နေမှုတွေနှင့် ရင်ဆိုင်နေရချိန်ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို ခိုင်မာအောင်လုပ်ဆောင်ရန်ယခုလို စက်ရုံသစ် ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာဖြစ်သည်ဟု သိရသည်။

Nike နဲ့ Gap လိုမျိုး ကမ္ဘာကျော် အမှတ်တံဆိပ်တွေအတွက်အဝတ်အထည်တွေ ချုပ်လုပ်ဖန်တီးပေးနေတဲ့ ယင်းကုမ္ပဏီဟာဆိုရင် ယခုအချိန်မှာ အရှေ့တောင်အာရှ နိုင်ငံ မြန်မာမှာ စက်ရုံသစ် ဖွင့်လှစ်နိုင်ဖို့ နေရာ ရှာဖွေနေတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ယင်းကတော့ လက်ရှိအချိန်မှာထုတ်လုပ်ရေးစက်ရုံတစ်ရုံ ဖွင့်လှစ်လည်ပတ်ထားနေပြီးဖြစ်ပါတယ်။

ယခုလို စက်ရုံသစ် ဖွင့်လှစ်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ရင်းနှီးမြုှပ်နှံမယ့် တန်ဖိုးပမာဏ၊ စက်ရုံဆောက်လုပ်မယ့်အချိန်ကာလ စတာတို့အပါအဝင် နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ Hansae က ထုတ်ဖော်သွားခြင်းမရှိပါဘူး။

၁၉၈၂ ခုနှစ်က စတင်တည်ထောင်ခဲ့သော Hansae သည် ဗီယက်နမ်၊ နီကာရာဂွာ၊ ဂွာတီမာလာ၊ အင်ဒိုနီးရှား၊ မြန်မာနဲ့ဟေတီ နိုင်ငံတို့တွင် လုပ်ငန်းပေါင်း ၁၇ ခုကို ဆောင်ရွက်နေလျက်ရှိကြောင်းသိရသည်။

#Myanmar Builders Guide


 

Local Read 57 times