ကြယ်ငါးပွင့်အဆင့်ရှိ Hilton Times City Yangon ဟိုတယ်ကို ၂၀၂၁ ခုနှစ်တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သြဂုတ်၂၉ ရက်တွင် Strand ဟိုတယ်၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှသိရသည်။
Hilton နှင့် Crown Advanced Construction co.ltd တို့ ပူးပေါင်း၍ Hilton Times City Yangon ဟိုတယ် ကို ဖွင့်လှစ်ရန် ၂၀၁၉ ခုနှစ်ဇန်နဝါရီတွင် စီမံခန့်ခွဲမှုဆိုင်ရာသဘောတူညီမှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့မာရွတ်မြို့နယ်ရှိ Hilton Times City Yangon တွင် အခန်းပေါင်း ၃၀၈ ခန်းပါဝင်ပြီး အဆိုပါဟိုတယ် အဆောက်အအုံတွင် ဟိုတယ်ခန်းများနှင့် ဝန်ဆောင်မှုပေးသော အခန်းများ၊ ရုံးခန်းများ၊ shopping Center များ၊ စားသောက်ဆိုင်များပါဝင်ပြီး စီးပွားရေးနှင့် အလည်အပတ်သွားလာသူများ၏ ထိပ်တန်း ရွေးချယ်ရာ နေရာတစ်ခုဖြစ်လာရန်ရည်ရွယ်ထားကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင်နေပြည်တော်၌ Hilton ဟိုတယ်နေပြည်တော်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊နောက်နှစ်နှစ် အကြာတွင် Hilton ငပလီ Resort and Spa ၊ Hilton မန္တလေးတို့အား ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Hilton က ထပ်မံ၍ Hilton Times City Yangon ကို ၂၀၂၁ ခုနှစ်လည်းကောင်း၊ လာမည့်နှစ်များတွင်ပုဂံ နှင့် အင်းလေး ဒေသများတွင် ဟိုတယ်နှစ်လုံး ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
အစိုးရ၏အရှိန်မြှင့်တင်လာသည့် စီးပွားရေးပြောင်းလဲမှုများနှင့် နောက်ထပ်ရင်းနှီးမြှုုပ်နှံမှုများ၊ ဈေးကွက်အပေါ် ယုံကြည်မှုများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် ခုနှစ်သန်းအထိ ရှိလာနိုင်မည့်လျာထားချက်အလားအလာကို မျှော်မှန်းပြီး နိုင်ငံအတွင်း လုပ်ငန်းတိုးချဲ့မူများကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။