ပဲခူး စက်မှုဇုန် i-Land


09 November, 2020

ပဲခူးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်လျက်ရှိသည့် i-Land Myanmar စက်မှုဇုန်သည် အထည်အလိပ် ဆေးဆိုးပန်းရိုက်လုပ်ငန်းများ၊ အိတ်ထုတ်လုပ်သူများ၊ လျှပ်စစ်ပစ္စည်းလုပ်ငန်းများ၊ ပရိဘောဂလုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများ ပါဝင်မည် ဖြစ်သည်။ စက်မှုဇုန်ုသည် အလတ်စားစက်မှုလုပ်ငန်းများကို ရည်ရွယ်ထားသည်။

မြန်မာနိုင်ငံတွင် ရှေးယခင်က စက်မှုဇုန်အကောင်အထည် ဖော်ရာတွင် လယ်ယာမြေကို မြေညှိ၊ အကွက်ဖော်၊ လမ်းအကြမ်းဖောက်ပြီး အကွက်များကို ရောင်းချပေးသည့် ပုံစံမျိုးဖြင့် စတင်ခဲ့သည်။

သို့ဖြစ်ရာ ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်မှုကို နောက်ပြန်ဆွဲချနေသည့် အခြေအနေများကို စက်မှုဇုန်မှ လုပ်ငန်းရှင်များ ရင်ဆိုင်ကြရသည်။ မြေကွက်ကို လုပ်ငန်းလုပ်ကိုင်ခြင်းအစား ရင်းနှီးမြှုုပ်နှံမှုတစ်ခုအဖြစ်

ဝယ်ယူကြခြင်းများလည်း ရှိခဲ့သည်။ သို့ဖြစ်ရာ စက်မှုဇုန် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း၊ ရေနုတ်မြောင်း၊ ဆက်သွယ်ရေး၊

လျှပ်စစ်တို့သည် အားကိုးရလောက်သော အနေအထားသို့ မရောက်ရှိခဲ့ချေ။ ကိုယ်ထူကိုယ်ထသဖြင့် တတ်စွမ်းသရွေ့ လုပ်ကိုင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်ကြရပေသည်။

i-Land Myanmar စက်မှုဇုန်သည် အခြေခံ အဆောက်အအုံများကို ကောင်းမွန်အောင် ဆောင်ရွက်သည်။

မီတာ လေးထောင်ကျော် အလျားရှိသည့် လမ်းပိုင်း၊ ရေဖြန့်ဖြူးသည့် ပိုက်လိုင်းတို့ကို စက်ရုံအကွက်တိုင်းအတွက် သွယ်တန်းပေးထားမည်ဖြစ်သည်။

ရေဆိုး ဖြေရှင်းသည့်စနစ်လည်း ပါဝင်သည်။ ပဲခူးဓာတ်အားလိုင်းနှင့် ချိတ်ဆက်ကာ လျှပ်စစ်စွမ်းအင် ရယူသည်။ စက်မှုဥယျာဉ်အတွင်း ဝိုင်ဖိုင်ကွန်ရက် ထားရှိပေးသည်။

i-Land Myanmar စက်မှုဇုန်သည် ပဲခူးတိုင်းဒေသကြီးတွင် အကြီးမားဆုံး စက်မှုဇုန် အဖြစ်သို့ ရောက်ရှိမည်ဖြစ်သည်။ မြေဧရိယာ ၁၆၀ ဟက်တာကို အသုံးပြုထားသည်။

လုပ်သားများ နေထိုင်ရန်အတွက် အဆောင်များလည်း ပါဝင်သည်။

အလုပ်ကိစ္စဖြင့် လာရောက်ကြရသူတို့ အဆင်ပြေစေရန် တိုက်ခန်းများလည်း ထားရှိပေးထားမည်။

လုံခြုံရေး အစီအမံများလည်း ရှိသည်။ ဈေးဆိုင်တန်းများ၊ ကုန်တိုက်များ၊ စားသောက်ကုန်နှင့် စားသောက်ဆိုင်များ၊ ဖျော်ဖြေရေး၊ စူပါမားကက်နှင့် အခြား ဘဝနေထိုင်မှု

သာယာအဆင်ပြေမှုများ ပါဝင်သည်။ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးခန်းလည်း ထားရှိပေးထားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပဲခူးတိုင်းဒေသကြီးအတွက် ဒေသဆိုင်ရာ ရုံးခွဲကို ပဲခူးတွင် ယခုနှစ်ဆန်းပိုင်း၌ ဖွင့်လှစ်ပေးထားသည်။

ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူမြန်ဆန်စေရန် ဆောင်ရွက်ပေးရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ချက် ထားရှိသည်။ ဥပဒေပြဋ္ဌာန်းချက်အသစ်အရ ကန်ဒေါ်လာ ငါးသန်းအောက် ပမာဏရှိသည့်

ရင်းနှီးမြှုပ်နှံမှုများကို ၎င်းရုံးခွဲတွင် တင်ပြလျှောက်ထားနိုင်သဖြင့် i-Land Myanmar စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင် အလှမ်းမဝေးသည့် ၎င်းရုံးခွဲတွင် ခွင့်ပြုမိန့် လျှောက်ထားနိုင်ကြသည်ဟု သိရသည်။

စင်ကာပူမှ Surbana Jurong Private Limited က ဒီဇိုင်းထုတ်ပြီး အကောင်အထည် ဖော်ပေးလျက် ရှိသည့် i-Land သည် ရန်ကုန်နေပြည်တော် အဝေးပြေးလမ်းအနီး၊

ရန်ကုန်မြို့မှ ၇၈ ကီလိုမီတာ ကွာဝေးသော နေရာတွင် တည်ရှိပြီး အဝေးပြေးလမ်းမကြီးကို အသုံးပြုပြီး သွားလာဖို့ လွယ်ကူသည်။

အခြေခံအဆောက်အအုံများ၊ one-stop service ၊ ပံ့ပိုးမှု အင်္ဂါရပ်များ ရှိနေမည်ဖြစ်ရာ i-Land တွင် လုပ်ကိုင်သော လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းကို အာရုံစူးစိုက်ပြီး လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

Factory and Industrial Plant Read 167 times