ညောင်နှစ်ပင်မြေနေရာတွင် ကန်ဒေါ်လာသန်း ၁၀၀ ခန့်မြှုပ်နှံမည့် Industrial Complex


02 November, 2020

 

ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ညောင်နှစ်ပင်ဒေသတွင်စက်မှုလုပ်ငန်းများ၊ အိမ်ရာများ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာအဆောက်အအုံများ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊

ရေဆိုးသန့်စင်စနစ်များစသည်ဖြင့် စိမ်းလန်းစိုပြည်သောသဘာဝပတ်ဝန်းကျင်ကောင်းမွန်သည့် ညောင်နှစ်ပင်မြေနေရာတွင် ကန်ဒေါ်လာသန်း ၁၀၀ ခန့်မြှုပ်နှံမည့် Industrial complex ကိုရှေ့နှစ်အတွင်းစတင်မည့်ကြီးတစ်ခုကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။

ဒေါ်လာသန်း ၁၀၀ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကိုလာမည့် ၂၀၁၈ ခုနှစ်အတွင်းစတင်မည်ဖြစ်ပြီး စီမံကိန်းကာလကိုနှစ်နှစ်သတ်မှတ်ထားကြောင်း၊ ရင်းနှီးမြုပ်နှံမည့်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၁၀၀ ခန့်မှန်းထားကြောင်း၊ ယခုအခြေအနေတွင်စက်မှုဇုန်တစ်ခု၏ ရလာမည့်အကျိုးရလဒ်များကိုလွန်ခဲ့သောတစ်နှစ်ကပင် Pre-Feasibility Study အဆင့်လုပ်ဆောင်ပြီး ဖြစ်ကြောင်းသိရသည်။

အလုပ်အကိုင်ငါးသောင်းမှတစ်သိန်းအဆိုပါမြေနေရာသည်ဧက ၅၇၀ ခန့်အကျယ်အဝန်းရှိကြောင်း၊ စက်မှုဇုန်တည်ထောင်ပြီးပါက အနည်းဆုံးအလုပ်သမားဦးရေငါးသောင်းမှတစ်သိန်းထိအလုပ်အကိုင်ဖန်တီးပေး နိုင်မည်ဟုမျှော်မှန်းထားကြောင်း၊အများစုရင်းနှီးမြှုပ်နှံသူမှာကိုရီးယားနိုင်ငံဘက်မှဖြစ်ကြောင်းသိရသည်။

Land and housing Corporation သည်ကိုရီးယားနိုင်ငံတွင်အိမ်ရာစီမံကိန်းမြောက်မြားစွာနှင့် စက်မှုဇုန်များကိုဖော်ဆောင်သောကော်ပိုရေးရှင်းတစ်ခုဖြစ်ကြောင်း၊ ခိုင်မာသည့်အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သည့်အတွက် ယခုစီမံကိန်းကိုအခြေပြု၍ အိမ်ရာဖွံ့ဖြိုးရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် ယခုလိုစက်မှုဇုန်များကိုလည်းတိုးချဲ့ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

imyanmarhouse

Local Infrastructure and Zones Read 45 times