လာမည့်နှစ်တွင်သီလဝါဆိပ်ကမ်း စတင်အသုံးပြုနိုင်မည်ဟု JICAထုတ်ပြန်


07 December, 2020

 ကန်ဒေါ်လာသန်း ၂ဝဝ တန် သီလဝါဆိပ်ကမ်းကို ၂ဝ၁၉ နှစ်စတွင် စတင်သုံးစွဲနိုင်မည်ဖြစ် ပြီး ထပ်မံတိုးချဲ့ရန် အစီအစဉ်ရှိ ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ (JICA) က ဒီဇင်ဘာ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်သည်။

        အဆိုပါ ဆိပ်ကမ်းတည် ဆောက်ရေး JICA က ချေးငွေထောက်ပံ့ရန် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနနှင့် ၂ဝ၁၃ တွင် ချေးငွေစာချုပ်ချုပ်ဆိုခဲ့ပြီး ဆိပ်ကမ်းတစ်ခုလုံးတည်ဆောက်ခြင်း လုပ်ငန်း အပြီးသတ်ခြင်းသည်၂၀၁၉ ဖေဖော်ဝါရီတွင်ဖြစ်သည် ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကဆိုသည်။

        အဆိုပါ ဆိပ်ကမ်းအတွက် ဂျပန်ကချေးငွေကို အတိုးနှုန်းသုည ဒသမ ၀၁ ရာခိုင်နှုန်း သတ်မှတ်ပြီး ၁ဝ နှစ်ဆိုင်းငံ့ကာလဖြင့် နှစ် ၄ဝ အတွင်း ပြန်လည်ပေးဆပ်ရမည်ဟု JICA ကပြောသည်။

        ထို စီမံကိန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်က မီတာ ၄၀၀ အရှည်ခန့်ရှိ ဆိပ်ခံတံတားနှင့် ကုန်တင်ကုန်ချ ကိရိယာပစ္စည်းများ တပ်ဆင် ထားသော ဘက်စုံသုံးဆိပ်ကမ်း အဖြစ် တည်ဆောက်ထားသည်။ အဆိုပါ ဆိပ်ကမ်းကိုထပ်မံတိုးချဲ့ ရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပူးတွဲဆောင်ရွက်မည်ဖြစ် ကြောင်း JICA ကဆိုသည်။

        ဆိပ်ကမ်းတည်ဆောက်ရန် ၂၀၁၅ ဒီဇင်ဘာနှင့် ၂၀၁၇ မတ်လတွင် ကန်ထရိုက်လုပ်ငန်းစာချုပ် များ အသီးသီးလက်မှတ် ရေးထိုးခဲ့သည်။ ၂၀၁၃ ဇွန်လနှင့် ၂၀၁၅ ဇွန်လတွင် ချေးငွေဆိုင်ရာ စာချုပ်များ စတင်ချုပ်ဆိုခဲ့သည်ဟု JICA က ဆိုသည်။

        အဆိုပါ ဆိပ်ကမ်းသည် ရန်ကုန်ဆိပ်ကမ်းအတွင်းရှိ သီလဝါ ဧရိယာ မြေကွက်အမှတ် (၂၅)နှင့်(၂၆)တွင် တည်ရှိသည်။ ဆိပ်ကမ်းတည်ဆောက်ခွင့်ကို ဂျပန်ကုမ္ပဏီ နှစ်ခုအား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

        ထို့ပြင် သီလဝါဆိပ်ကမ်း တွင် မီတာ ၆၀၀ ရှည်လျားသည် ဆိပ်ခံတံတားစီမံကိန်းကို ပြည်တွင်းကုမ္ပဏီသုံးခုက ပူးပေါင်းဆောင်ရွက်နေပြီး ၂၀၂၀ ၌ အပြီးသတ်မည်ဟုကြေညာထားသည်။

        သီလဝါတွင် ဆိပ်ကမ်းများ တည်ဆောက်ရန် မြေကွက် ၃၇ ကွက်ကို မြေယာဖော်ထုတ်ထား ပြီး ၂၇ ကွက်ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးထားသည်။ ကျန်အကွက်များအနက် အချို့ကို မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က ဂျပန် ချေးငွေဖြင့် ဆိပ်ကမ်းများတည် ဆောက်နေခြင်း ဖြစ်သည်။

Local Read 59 times