ဂျပန်ကုမ္ပဏီ Keio Corporation မှ မြန်မာနိုင်ငံတွင်ဟိုတယ် ဖွင့်လှစ်ရန် အစီအစဉ်ရှိ


03 November, 2020

ဂျပန် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း Keio Corporationမှ မြန်မာနိုင်ငံ ခရီးသွားအေဂျင်စီတစ်ခုနဲ့ ဖက်စပ်လုပ်ငန်းထူထောင်သွားပြီး ရန်ကုန်မြို့တွင် ဟိုတယ်နှင့် တိုက်ခန်းအဆောက်အအုံတစ်ခုကိုတည်ဆောက်သွားရန်စီစဉ်ထားကြောင်းသိရသည်။

ယင်း ဟိုတယ်ကို လာမည့် ၂၀၂၀ ဘဏ္ဍာနှစ်မှာအပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းဖက်စပ်ကုမ္ပဏီကို Keio Adventure Myanmar Co ဟု ခေါ်ဆိုမည်ဖြစ်ပြီး လာမည့် ၂၀၁၈ ဧပြီလမှာ ထူထောင်သွားမှာ ဖြစ်ကြောင်းသိရသည်။


ယင်းကုမ္ပဏီသည်မြန်မာနိုင်ငံရှိမြို့ပြဟိုတယ်များနှင့်တိုက်ခန်းအဆောက်အအုံများတည်ဆောက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

Keio ရဲ့ ဖက်စပ်လုပ်ငန်းပါ့တနာသည် ရန်ကုန်အခြေစိုက်Adventure Myanmar Tours & Incentives ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ကုမ္ပဏီသစ်တွင် ရင်းနှီးငွေတန်ဖိုး အမေရိကန်ဒေါ်လာ၁၆၂ ဒသမ ၈၅ သန်း ရှိမှာဖြစ်ပြီး ၆၅ ရာခိုင်နှုန်းကို Keio မှထိန်းသိမ်းထားမှာဖြစ်ပြီး ကျန်အစုရှယ်ယာများအားAdventure Myanmar Tours က ရယူလုပ်ကိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခု စီစဉ်ထားသော ရန်ကုန် ဟိုတယ်နဲ့ တိုက်ခန်းအဆောက်အအုံမှာအခန်းပေါင်း ၄၀၀ ထိ ပါရှိမည်ဖြစ်ပြီးစားသောက်ဆိုင်များ ၊ ရေကူးကန်နဲ့အခြား ဝန်ဆောင်မှုများ
ပါရှိမည်ဖြစ်ကြောင်း သိရသည်။

SFJ Strategy First Journal

Hospitality Read 196 times