၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်ကာ အိမ်ခွန်များကို Koe Koe Tech နည်းပညာ ဖြင့် တစ်နှစ်တစ်ကြိမ်ပြောင်းလဲကေ


07 December, 2020

 မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိမ်ခွန်များကို ယခင်ခြောက်လတစ်ကြိမ်ကောက်ခံနေရာမှ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်မှ စတင်ကာ Asia Foundation Koe Koe Tech နည်းပညာဖြင့် တစ်နှစ်တစ်ကြိမ် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

          "အဆောက်အအုံတွေအပေါ် ပစ္စည်းခွန်ကောက်ခံရာမှာ ယခင်က ခြောက်လတစ်ကြိမ်ကောက်ခံခဲ့ရာကနေ အခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကနေ စတင်ကာ Koe Koe Tech နည်းပညာနဲ့ ကောက်ခံသွားမှာ ဖြစ်ပါတယ်။ မြို့နယ်အတွင်းကွင်းဆင်းပြီး စာရင်းတွေကို အရာရှိတွေနဲ့ ပြုစုထားပြီး ဖြစ်ပါတယ်။ ပြည်သူတွေ အခွန်အခကို မှန်ကန်မြန်ဆန်စွာနဲ ဆော့ဖ်ဝဲနည်းပညာဖြင့် လုပ်ဆောငေ်ပးမှာ ဖြစ်ပါတယ် " ဟု အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အခွန်ဦးစီးဌာနမှ ဒုဦးစီးမှူးဒေါ်သန်းသန်းအေးက ပြောသည်။

          အောင်လံမြို့နယ် စည်ပင်သာယာရေးကော်မတီသည် ဇန်နဝါရီ ၉ ရက် ည ၇ နာရီက မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားချက်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးအမှတ်စဉ် ၁/ ၂၀၁၉ ဆုံးဖြတ်ချက်အရ နေအိမ်များအပေါ်ကောက်ခံသည့် ပစ္စည်းခွန်အား ခြောက်လတစ်ကြိမ် ကောက်ခံနေရာမှ ၂၀၁၈-၂၀၁၉ ဆုံးဖြတ်ချက်အရ နေအိမ်များအပေါ်ကောက်ခံသည့် ပစ္စည်းခွန်အားခြောက်လတစ်ကြိမ်ကောက်ခံနေရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ Asia Foundation နှင့် Koe Koe Tech နည်းပညာဖြင့် တစ်နှစ်တစ်ကြိမ်ပေါင်း၍ ကောက်ခံမည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့သည်။

          "နှုန်းမပြောင်းလဲရင်တော့ ဘာမှကိစ္စမရှိပါဘူး။ ဒါပေမဲ့ များတဲ့သူတွေအတွက်ကတော့ ဝန်ထုပ်ဝန်ပိုးဖြစ်မှာပေါ့။ သာမန်နည်းတဲ့သူတွေကတော့ နှုန်းမပြောင်းလဲရင် ဘာမှမဖြစ်ပါဘူး " ဟု တရော်ကုန်းကျေးရွာမှ ဒေါ်ရွှေရီက ပြောသည်။

          အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အောင်လံမြို့နယ်အတွင်း နေအိမ်အဆောက်အအုံ ၈၂၆၈ အိမ်အား အမြင့်ဆုံးတစ်နှစ်ကျပ် ၂၁၂၀၀ မှ အနိမ့်ဆုံးကျပ် ၉၀၀ ကို ယခင်က ခြောက်လတစ်ကြိမ်ခွဲကာ ကောက်ခံခဲ့ရာ တစ်နှစ်လ ျှင် ကျပ်သိန်း ၃၆၉၂၀၄၀၀ ရရှိခဲ့ကြောင်း သိရသည်။

Local Read 77 times