နေပြည်တော်-မကွေး-ကံပြားလမ်း လိပ်ကမ်းချောင်းတံတား တည်ဆောက်လျက်ရှိ


07 December, 2019

   မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် နေပြည်တော်-မကွေး-ကံပြားလမ်းပေါ်တွင် မိုင်(၆၇၊၄နှင့်၆၇၊၅)ကြားရှိ လိပ်ကမ်းချောင်းတံတားကို ဒီဇင်ဘာလ ၂၅ ရက်မှ စတင်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

        "ဆောင်းရာသီ ယာယီလမ်းခွဲနဲ့ တံတားတည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်နေတာဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက်တွင် ပြီးစီးမည်ဖြစ်သည့်အတွက် ယာယီလမ်းခွဲကို တံတားတည်ဆောက်နေစဉ် ယာဉ်များ အဆင်ပြေစွာသွားလာနိုင်ရေး စနစ်တကျနဲ့ လိုအပ်တဲ့အကျယ်အဝန်းအတိုင်းကို အောက်ပိုင်းက ဝါးကပ်များခံပြီးဝါးကပ်များပေါ်မှာ မြေနီများအလွှာလိုက် ခင်းကျင်းကြိတ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မူလလမ်းအတိုင်း ယာဉ်များသွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားတာပါ" ဟု တံတားဦးစီးဌာန တာဝန်ခံ အင်ဂျင်နီယာ ဦးတင်ဝင်းရွှေထံမှ သိရသည်။

        အဆိုပါတံတားမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး သံကူကွန်ကရစ် အမျိုးအစားတံတားဖြစ်ကာ အရှည်ပေ ၃၆၀၊ ကားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် သုံးပေဖြင့် တည်ဆောက်မည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၃) ပခုက္ကူမှ တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သိရသည်။

Source: The Mirror Daily

Region Read 103 times