စည်ပင်သာယာအောက်ရှိဈေးများ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ market operator စနစ်ဖြင့် အဆင့်မြ


09 December, 2019

 စည်ပင်သာယာအောက်ရှိဈေးများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ Market Operator စနစ်ဖြင့် အဆင့်မြှင့်တည်ဆောက်မည်ဖြစ်ကြောင်း မြို့တော်ဝန်ဦးမောင်မောင်စိုးက ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေးနဝမနေ့တွင် ပြောကြားသည်။

         လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရန် ဆောင်ရွက်ရန် လိုအပ်နေသော လှိုင်ရတနာဈေးအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို သိလိုကြောင်း မေးမြန်းမှုအားပြန်လည်ဖြေကြားရာတွင် မြို့တော်ဝန်ဦးမောင်မောင်စိုးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

       “ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကွပ်ကဲမှု အောက်တွင်ရှိသော ဈေးများကို ခေတ်မီအဆင့်မြင့်ဈေးများဖြစ်လာစေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး PPP(Public Private Partnership) ဒါမှမဟုတ် BOT စနစ်ဖြင့်တည်ဆောက်ပြီး Market Operator စနစ်ဖြင့် အကောင်အထည် ဖော်ရန် စီမံဆောင်ရွက်လျက်ရှိရာ ပထမအဆင့် ဆောင်ရွက်ရန် ဈေးများစာရင်းတွင် လှိုင်မြို့နယ်မှ လှိုင်ရတနာဈေး ပါဝင်ပါတယ်” ဟုမြို့တော်ဝန်ဦးမောင်မောင်စိုးကပြောကြားသည်။

 

        ပထမအဆင့်ဆောင်ရွက်မည့် ဈေးများစာရင်းတွင် လှိုင်မြို့နယ်မှ လှိုင်ရတနာဈေးပါဝင်ပြီး Market Operator စနစ်ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း မြို့တော်ဝန်ကပြောကြားသည်။

 

        ထို့ပြင်ဈေးများတွင် အစိုးရဝန်ထမ်းများခန့်အပ်ထားခြင်းကြောင့် ဈေးကို ရုံးချိန်အတွင်းသာ သတ်မှတ်ပြီး ကိုယ်ပိုင်ပစ္စည်းကဲ့သို့ သဘောမထားဘဲ ပြုပြင်ထိန်းသိမ်းမှုအားနည်းနေကြောင်း၊ ဈေးများ၏ စွမ်းဆောင်ရည်မြင့်မားစေရန် Market Operator စနစ်ဖြင့် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်းမြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်တွင် ပြောကြားသည်။

Local Read 48 times