ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံမည့်အခွန်အခများကို YCB Payment Gateway အသုံးပြု၍ AYE Bank, KBZ Pay, CB Bank (CB Pay) တို့ဖြင့် ပေးသွင်းနိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။
ယင်းကဲ့သိုပေးချေနိုင်သည့်အခမ်းအနားမိတ်ဆက်ပွဲကို ရန်ကုန်မြို့ရှိ မြို့တော်ခန်းမွတင်(စက်တင်ဘာလ ၁၂ ရက်)နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
မြို့တော်စည်ပင်သာယာနဲ့ ဆက်စပ်ဆောင်ရက်ကြရတဲ့နယ်ပယ်အားလုံးဟာ အခွန်ပေးဆောင်မှုကလည်းအရေးကြီးတဲ့ကဏ္ဍတစ်ခုမှာပါဝင်ပါတယ်။ ဘာကြောင့်လဲဆို အခွန်ဟာ မြို့တော်ကြီးဖွံ့ဖြိုးဖို့အတွက် ဘတ်ဂျက်ရရှိရေးကဏ္ဍမှာ အရေးကြီးပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအွဖွဲ့ မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီနေရာမှာ ပြည်သူတွေက အခွန်ပေးဆောင်ရတဲ့နေရာမှာ အခွန်လည်းပေးဆောင်ရတယ်။ ဝန်ဆောင်မှုကောင်းကောင်းနဲ့ လွယ်လယ်ကူကူပေးဆောင်လို့ရအောင် မေဆောင်ရွက်ပေးနိုင်ဘူးလားဆိုတဲ့ မွေးခန်းထုတ်လာနိုင်စရာအများကြီးရှိပါတယ်။ ဒီအတွက် မြို့တော်စည်ပင်သာယာဘက်ကနေ payment စနစ်တစ်ခုကို စတင်ဖို့အတွက်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း ပြောကြားထားပါတယ်။
ယင်းစနစ်ကို KBZ ၊ CB ၊ AYA ဘဏ် ၃ ခုနှင့် ရန်ကုန်မြို့တော်ဘဏ်တို့ ချိတ်ဆက်လုပ်ဆောင်မည်ဖြစ်ပြီး အစိုးရဌာနဆိုင်ရာများ၊ အခြားဘဏ်များ၊ ဈေးများ၊ စတိုးဆိုင်များနှင့်လည်းချိတ်ဆက်ဆောင်ရွက်သွားရန်လည်း စီစဉ်ထားကြောင်း သိရပါတယ်။
" ဒီစနစ်ကစာရင်းရှိတဲ့သူတက Mobile ကေနစည်ပင်ဆီကိုပေးဆောင်နိုင်မှာဖြစ်ပါတယ်။ စည်ပင်က သူတို့ဖန်တီးထားတဲ့စနစ်ကနေကောက်ခွံသားမှာပေါ့။ အဲဒီလိုပုံစံမျိုးပါ။ ဒီစနစ်ကိုလုပ်တာကေကောင်းပါတယ်။ ဘဏ်တနဲ့ချိတ်ဆက်ထားတဲ့သူတအူတက် လယ်ကူသားတာပေါ့။ ဘဏ်နဲ့မချိတ်ထားတဲ့သူတကေတာ့ ကိုယ်တိုင်သားဆောင်ရမှာပေါ့။ ကောင်းပါတယ်။ ဒီစနစ်ကအကျိုးရှိစေမှာပါ။” ဟု CB BANK မှ အကြံပေးဦးဖေမြင့်က ပြောထားပါတယ်။
အဆိုပါ Payment စနစ် အောင်မြင့်ပါက ပြည်သူများအူတက် ပြည်သူ့ဝန်ဆောင်မှု အပြည့်ပေးနိုင်ရန် Application များထပ်မံဆောင်ရွက်သွားရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် စီမံဆောင်ရက်နေကြောင်း သိရပါတယ်။