သီလဝါဇုန်ဘီတွင် မြေဟတ်တာ၃ဝဝကျော်အကောင်အထည်ဖော်ခွင့်ရသည့် MTSH ကုမ္ပဏီ


13 November, 2020

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်တည်ဆောက်လျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း၏ ဇုန်ဘီစီမံကိန်းတွင် မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ(MTSH)မှ မြေဟက်တာ ၃ဝဝကျော် အကောင်အထည်ဖော်ခွင့်ရရှိမည်ဖြစ်ကြောင်းယင်း ကုမ္ပဏီထံမှ သိရသည်။

MTSH ကုမ္ပဏီသည် သီလဝါအထူးစီးပွားရေးဇုန်၏ဇုန် အေစီမံကိန်းတွင် မြေ ၃၅ဟက်တာခန့်တွင် အိမ်ရာနှင့် စီးပွားရေးအဆောက်အအုံများကိုသာ အကောင်အထည်ဖော်ခွင့်ရရှိခဲ့ပြီး

ယခုဆက်လက်တည်ဆောက်နေသည့် ဇုန်ဘီစီမံကိန်းတွင် စက်မှုလုပ်ငန်းများအတွက် အကောင်အထည်ဖော်ခွင့် ရရှိမည်ဖြစ်ကြောင်း MTSH ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်၏ဇုန်ဘီ စီမံကိန်းတစ်ခုလုံးသည် မြေဟက်တာ ၇ဝဝခန့်ကျယ်ဝန်းမည်ဖြစ်ပြီး ကနဦးအနေနှင့် ဇုန်ဘီစီမံကိန်းကိုမြေ ၂၆၂ ဟက်တာခန့်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအကောင်အထည်ဖော်တည်ဆောက်ပြီးစီးလျက်ရှိသည့် ဇုန်အေစီမံကိန်းတွင် နိုင်ငံတကာကုမ္ပဏီများမှ စက်ရုံ ၇၉ခုအထိ ရင်းနှီးမြှုပ်နှံထားပြီး စက်ရုံ ၃၅ရုံခန့်မှာ လုပ်ငန်းများလည်ပတ်လျက်ရှိနေပြီဖြစ်ကြောင်း MTSH ထံမှ သိရသည်။

imyanmar House

Infrastructure and Zones Read 55 times