ရန်ကုန်တိုင်းအစိုးရသည် မင်းဓမ္မလမ်းတွင် တည်ရှိသော နိုင်ငံတကာပြပွဲများ ကျင်းပပြုလုပ်သည့် Myanmar Convention Centre အား ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း
ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ဒုတိယ)အကြိမ် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး နှင့် မိတ်ဆုံစားပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ပြောကြားကြောင်း သိရသည်။
နိုင်ငံတကာ ပြပွဲများ ပြုလုပ်မည်ဆိုပါက အဆောက်အဦမရှိခြင်း တို့ကြောင့် အခက်အခဲများ ရှိနေသည်။
ဘုရင့်နောင်လမ်းဘက်တွင် တစ်ခုပြင်ဆင်နေပြီး ယခုလတ်တလောတွင် ငမိုးရိပ်ချောင်းရိုးဘက်အခြားဘက်မှ ပြင်ဆင်နိုင်ရန် ကြိုးစားနေသည်။ဘုရင့်နောင်ဘက်တွင် ယခင်က ဂုန်လျှော်စက်ရုံအဖြစ် (၈)ဧက
ခန့်ကျယ်ဝန်းသော စက်ရုံကြီးတစ်ရုံရှိသောကြောင့် ပြခန်းတစ်ခုလို ပြောင်းလဲလုပ်နိုင်မည်ဆိုလျှင် ကားအများကြီး ရပ်နားနိုင်မည်။စားသောက်ဆိုင်များ တခြားလုပ်ငန်းများနှင့် အတူ ပြပွဲများကို လုပ်နိုင်ရန် လေ့လာဆန်းစစ်နေကြောင်း ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။
ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ Myanmar Convention Centre ဖြိုချပြီး ခေတ်မီ အဆောက်အဦ တစ်ခုအဖြစ် ပြန်လည်တည်ဆောက်မည်ဖြစ်ပြီး
ယင်းပြန်လည်တည်ဆောက်ရေးကို လာမည့်နှစ်တွင် အပြီးသတ်ရန်မျှော်လင့်ထားကြောင်းသိရသည်။
လမ်း၊ တံတားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နှစ်နှစ်တာကာလအတွင်း ဦးစားပေးဆောင်ရွက်ခဲ့ရာတွင်သိသိသာသာ တိုးတက်မှုများ ရှိလာ***သင်စိတ်ဝင်စားနိုင်သော လမ်း၊ တံတားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နှစ်နှစ်တာကာလအတွင်း ဦးစားပေးဆောင်ရွက်ခဲ့ရာတွင်သိသိသာသာ တိုးတက်မှုများ ရှိလာ***
ကျောက်မျက်ရတနာ သည် နိုင်ငံတကာတွင် လူကြိုက်များသော်လည်း ရန်ကုန်တွင် ကျောက်မျက်နှင့် ရတနာ ဈေးကွက် မရှိ သေးသောကြောင့် ရတနာပြပွဲတွင် သာမက တခြားပရိဘောဂပြပွဲများ ကားပြပွဲများ စသည်ဖြင့်
ပြပွဲကို လတိုင်း တစ်ကြိမ်ခန့် နိုင်ငံတကာ အဆင့်အတန်းမီ လုပ်နိုင်ခဲ့ပါက ရန်ကုန်မြို့၏ စီးပွားရေးသည် ပိုမိုတိုးတက် လာနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဟောင်ကောင်မှ ရတနာထုတ်လုပ်သော်လည်း ရတနာကုန်သည် များသည် အများအပြားလက်ခံကျင်းပမရပေ။နှစ်စဉ်နှစ်တိုင်း မြန်မာကုန်သည် များ ဟောင်ကောင်သွားပြီး စိန်ပွင့် ဝယ်ခြင်းနှင့် ဒေသအလိုက်ပြန်လည်ရောင်းချရသည်။
ထိုသို့ပြပွဲများ ကျင်းပပြုလုပ်နိုင်မည်ဆိုပါက ရောင်းသူ ဝယ်သူများ အနေဖြင့် ရန်ကုန်မြို့တွင် နေထိုင်ပြီးလက်ဆောင်ပစ္စည်း များဝယ်မည်။ထိုအရောင်းအဝယ်သည် အကျိုးအမြတ် မရှိလျှင်တောင် ခရီးသွားလုပ်ငန်း သည်အများကြီးတိုးတက်လာနိုင်မည်ဖြစ်သည်။
နိုင်ငံခြားသားများ ထိုပြပွဲများသို့ဝင်ရောက်နိုင်ရန်အတွက်လည်း ဗီဇာ အဆင်ပြေ ချေမွေ့ရန်လိုအပ်ပေသည်။လွယ်လွယ်ကူကူရနိုင်ရန် ၎င်းတို့ ဝင်ထွက်သည့်နေရာများ လွယ်ကူနိုင်ရန် ၎င်းတို့ကုန်စည်များကို
မြန်မာပြည် သို့သယ်ယူပြီးရောင်းနိုင်ရန် အတွက် ၎င်းတို့၏ ရုံးခွဲများကို မြန်မာနိုင်ငံတွင် ဖွင့်နိုင်သည့်အဆင့်အထိ ကျောက်မျက်အခန်းကဏ္ဍဘက်မှ ကြိုးပမ်းသင့်ကြောင်းပြောကြားခဲ့သည်။