ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး နှင့် ဂျပန်နိုင်ငံ Ministry of Land,Infrastructure,Transport and Tourism (MLIT)မှ
ဒုတိယဝန်ကြီးတို့တွေ့ဆုံမှုတွင် ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းများအပါအဝင် ဂျပန်ODJ ချေးငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအားအမြန်ဆုံးအကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ၏ ODJ ချေးငွေဖြင့် မြန်မာနိုင်ငံပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍတွင်ဆောင်ရွက်နေသည့် စီမံကိန်းများဖြစ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊သီလဝါဆိပ်ကမ်း အာဏာပိုင်မြေကွက်အမှတ် ၂၅ နှင့် ၂၆ တွင် ဂျပန်နိုင်ငံမှ တည်ဆောက်နေသည့် ဆိပ်ကမ်းတည်ဆောက်ခြင်းများ စသည့်စီမံကိန်းများနှင့်
ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဂျပန် ODJ ချေးငွေနှင့် ဆောင်ရွက်နေသည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနှင့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းများ၊ သီလဝါ တွင်ရှိသော မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မြေကွက်အမှတ် ၂၅ နှင့် ၂၆ တွင်
ဂျပန်နိုင်ငံမှ တည်ဆောက်နေသည့်ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများ အပါအဝင် ODJ ချေးငွေနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို မြန်မြန် ပြီးနိုင်ရန်ဆွေးနွေးခဲ့သည်။