မြန်မာနိုင်ငံတွင်တည်ဆောက်မည့်Okura Prestige Yangon ဟိုတယ်အားလာမည့် ၂၀၂၀တွင်ဖွင့်လှစ်ရန် ဂျပန်ဟိုတယ်လုပ်ငန်းကြီးဖြစ်သောHotel Okura မှစီစဉ်ထားကြောင်းသိရသည်။
ဂျပန်ဟိုတယ်ကြီးOkura Hotels & Resorts ၏မြန်မာနိုင်ငံတွင်ဖွင့်လှစ်မည့်ပထမဆုံးသောmember hotelတစ်ခုဖြစ်သော Okura Presitge Yangon အားတည်ဆောက်သွားရန်ရှိနေပြီးယင်းဟိုတယ်ကြီးအား လာမည့်၂၀၂၀ပြည့်နှစ်အမှီဖွင့်လှစ်လုပ်ကိုင်သွားမည်ဟုယင်းဂျပန်ကုမ္ပဏီမှထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။
ထိုOkura Presitge Yangon ဟိုတယ်အားစီမံလုပ်ကိုင်မှုပိုင်းကိုလည်းFujita Corporation,Tokyo Tatemono Co.Ltd,Japan Overseas Infrastructure Investment Corporation for Transport & Urban Development and နှင့်Yangon Technical & Trading Co.,တို့ပူးပေါင်းဖွဲ့စည်းထားသောပြည်တွင်းမှ မိတ်ဘက်လုပ်ငန်းအဖွဲ့တစ်ခုနှင့်အကြားသဘောတူစာချုပ်တစ်ရပ်လာမည့်သြဂုတ်လတွင်လက်မှတ်ရေးထိုးသွား နိုင်မည်ဟုHotel Okura မှမျှော်မှန်းထားကြောင်းသိရသည်။
ရန်ကုန်မြို့ရွှေတိဂုံဘုရားလမ်းနှင့်ဦးဝိစာရလမ်းထောင့်ရှိတပ်မတော်စစ်သမိုင်းပြတိုက်နေရာတွင်အဆင့်မြင့် ဟိုတယ်နှင့်ရုံးခန်းများပါဝင်သောအဆောက်အအုံတစ်ခုအားဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံမှလုပ်ငန်းရှင်တို့မှ အမေရိကန်ဒေါ်လာ၃၃၂ဒသမ၅ သန်းရင်းနှီးမတည်ပြီးပူးပေါင်းတည်ဆောက်မည်ဖြစ်ကြောင်း Yangon Technical and Trading ကုမ္ပဏီမှသိရသည်။
Okura Presitge Yangon သည်ရန်ကုန်မြို့လယ်တွင်အခန်းပေါင်း၃၉၀ထိပါဝင်သော ဟိုတယ်ကြီးတစ်ခုအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဂျပန်နိုင်ငံမှFujita Corporation,Tokyo Tetemono နှင့်မြန်မာနိုင်ငံမှ ဧရာဟင်္သာဟိုးလ်ဒင်းကုမ္ပဏီလိမီတက် ၏လက်အောက်ခံ Yangon Technical and Trading Co.,Ltd တို့မှ ၂၀၁၇ခုနှစ်မြန်မာ့ရင်းနှီးမြှပ်နှံမှုဥပဒေသစ် ၏ခွင့်ပြုချက်ဖြင့်ယင်းစီမံကိန်းကိုစတင်အကောင်အထည်ဖော်ဆောင်ရွက်ရန်ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။
မြေဧကစုစုပေါင်းဧရိယာမှာ၉ဧကခန့်ရှိသည့်အနက်၄ဧကပေါ်တွင်နိုင်ငံတကာအဆင့်မီရုံးခန်း၊ဟိုတယ်နှင့်ဘက်စုံသုံးစီမံကိန်းများတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
စီမံကိန်းတည်ဆောက်ရာတွင်ဂျပန်နိုင်ငံမှFujita Corporation,Tokyo Tetemonoတို့အပြင်ဂျပန်နိုင်ငံမြေယာ အခြေခံအဆောက်အအုံ၊လမ်းပန်းဆက်သွယ်ရေးနှင့်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနလက်အောက်ခံ အဖွဲ့အစည်းဖြစ်သောJapan Ovservation Infrastructure Investment Coporation of Transport & Urban Development (JOIN)တို့ပါဝင်သည့်စင်ကာပူအခြေစိုက်SPCလည်းပါဝင်မည်ဖြစ်ကြောင်း၊ဂျပန် နိုင်ငံအခြေစိုက်အဖွဲ့အစည်းများ၏စုစုပေါင်းငွေသားရင်းနှီးမြှပ်နှံမှုမှာအမေရိကန်ဒေါ်လာ ၁၅၀ဒသမ၈သန်း ဖြစ်ကြောင်းသိရသည်။
Fujita ကော်ပိုရေးရှင်းမှ ဆောက်လုပ်ရေးလုပ်ငန်းများကိုတာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီးTokyo Tetemonoမှ နိုင်ငံတကာအဆင့်မီ ရုံးခန်းနှင့်ဘက်စုံသုံးစီမံကိန်းကိုတာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊နိုင်ငံတကာအဆင့် မီဟိုတယ်ကိုဂျပန်နိုင်ငံ၏အစဉ်အလာကြီးမားသောကြယ်ငါးပွင့်အဆင့်ရှိHotel Okura မှတာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
ဂျပန်အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍတို့မှပူးပေါင်းအားထုတ်ပေးမှု၊ပြည်တွင်းမှ လုပ်ငန်းပါ့တနာများ၏ပူးပေါင်းပါဝင် ပေးမှုတို့ကြောင့်မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေသစ်အောက်တွင်ပထမဆုံးရင်းနှီးမြှပ်နှံမှုပါမစ်ဖြစ်ပြီးကြီးမားသော စီမံကိန်းတစ်ခုတွင်ပါဝင်လုပ်ဆောင်ခွင့်ရသောကြောင့်Hotel Okura သည်တကယ့်ကိုဂုဏ်ယူရကြောင်းကို Hotel Okura Co.,Ltd၏ဥက္ကဌမှပြောကြားခဲ့ကြောင်းသိရသည်။
ထိုနည်းတူမြန်မာပြည်သူပြည်သားများလည်းဂျပန်တို့၏အစဉ်အလာဧည့်ခံမှုဆိုင်ရာကျွမ်းကျင်မှုများနှင့်အတူ Hotel Okura၏လုပ်ငန်းအတွေ့အကြုံများနှင့်အကောင်းဆုံးဖြည့်ဆည်းပေးသွားရန်ရှိသည်ဟုလည်းသိရသည်
Source:SFJ Strategy First Journal,Pyay Myanmar