ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံးစိုက် ရာရှေးဟောင်းမြို့တော်ခန်းမအဆောက်အအုံအတွင်း မြက် ခင်းပြင်တွင် မြေယာလုပ်ငန်းများ၊ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်သည့် One Stop Service စနစ်လုပ်ဆောင်နေသောအဆောက်အအုံကိုဖေဖော်ဝါရီ ၁၈ ရက်ကစတင်ကာ ပြန်လည်ဖြိုဖျက်နေပြီ ဖြစ်ကြောင်းသိရသည်။
ယင်းမှာရှေးဟောင်းအဆောက်အအုံများ၏ အင်္ဂါရပ် နှင့်ညီညွတ်စေရန်နှင့် အထူးဧည့်သည်တော်များ၊ နိုင်ငံတကာသံတမန်များအားညနေစာတည်ခင်းခြင်းကဲ့သို့ ဧည့်ခံပွဲများပြုလုပ်လျှင် မြက်ခင်းပြင်၌ အပန်းဖြေကျင်းပလိုလျှင် လည်းအဆင်ပြေစေရန်ဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
''မြက်ခင်းမထားဘဲအဆောက်အအုံဆောက်လိုက်လို့ မြို့တော်ခန်းမရဲ့ပုံရိပ်ကိုကျဆင်းစေတယ်တဲ့၊၊ သင်္ကြန်အစည်းအဝေးမှာဝန်ကြီးချုပ်ကပြောတယ်။ မြို့တော်ခန်းမရဲ့ သံတမန်တွေ ဘာတွေလာရင်လည်းအပေါ်ထပ်ခန်းမကြီးမှာဧည့်ခံကျွေးမွေးမယ့်အစား မြက်ခင်းပြင်မှာလုပ်ရင်ပိုကောင်းတယ်တဲ့''ဟု YCDC ၏ အရာထမ်းတစ်ဦးကပြောသည်။
ယခုအခါ မြေယာကိစ္စများကို မြို့ တော်ခန်းမအောက်ထပ်ရှိခန်းမတွင် ပြုလုပ်ပေးနေ ပြီးအဆောက်အအုံကိစ္စရပ် များကိုမူစည်ပင်သာယာရေးဘဏ်အပေါ် ထပ်ရှိအခန်းများတွင် လုပ်ငန်းများကို One Stop Service ဆောင်ရွက်ပေးနေကြောင်းသိရသည်။
ပြီးခဲ့သည့် အစိုးရလက်ထက် စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် သက်တမ်းတွင် မြို့တော်ခန်းမအဆောက်အအုံ၏ဆေးရောင်ကိုယခင်ကတည်းကရှိနေခဲ့သောအဝါရောင်မှ ဗေဒါနုရောင်သို့ ပြောင်းလဲလုပ်ဆောင်ခြင်း၊ မြက်ခင်းပြင်နေရာတွင် အများပြည်သူအတွက် ဝန်ဆောင်မှုလွယ်ကူချောမွေ့စေလိုသည်ဟူသောရည်ရွယ်ချက်ဖြင့် One Stop Service အဆောက်အအုံကိုတည်ဆောက်ခြင်းစသည်တို့ကိုဆောင်ရွက်ခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနသို့ နေ့စဉ်လာရောက်သောအများပြည်သူအရေအတွက်မှာထောင်ဂဏန်းနီးပါးရှိနေပြီးယင်းတို့အနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် လာရောက်မှုအများဆုံးဌာနမှာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနဖြစ်ကြောင်းသိရသည်။
One Stop Service အဆောက်အအုံကိုပြန်လည်ဖြိုဖျက်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံးစိုက်ရာရှေ့ဟောင်းမြို့တော်ခန်းမအဆောက်အအုံအတွင်း မြက်ခင်းပြင်တွင် မြေယာလုပ်ငန်းများ၊ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်များကိုဆောင်ရွက်နေသည့် One Stop Service စနစ်လုပ်ဆောင်နေသောအဆောက်အအုံကို ပြန်လည်ဖြိုဖျက်နေကြောင်းသိရသည်။
ယင်းမှာရှေးဟောင်းအဆောက်အအုံများ၏ အင်္ဂါရပ် နှင့်ညီညွတ်စေရန်နှင့် အထူးဧည့်သည်တော်များ၊ နိုင်ငံတကာသံတမန်များအားညနေစာတည်ခင်းခြင်းကဲ့သို့ ဧည့်ခံပွဲများပြုလုပ်လျှင် မြက်ခင်းပြင်၌ အပန်းဖြေကျင်းပလိုလျှင်လည်းအဆင်ပြေစေရန်ဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မြက်ခင်းပြင်မထားဘဲအဆောက်အအုံဆောက်သောကြောင့့်မြို့တော်ခန်းမ၏ပုံရိပ်ကို ကျဆင်းစေသည့်အတွက် ဖျက်သိမ်းရခြင်းဖြစ်သည်။
မြို့တော်ခန်းမ၏သံတမန်များလာသည့်အခါတွင်လည်းအပေါ်ထပ်ခန်းမကြီးတွင် ဧည့်ခံကျွေးမွေးမည့်အစား မြက်ခင်းပြင်မှာလုပ်ရင်ပိုကောင်းသည်ဟုသိရသည်။
ယခုအခါတွင်မြေယာကိစ္စများကိုမြို့တော်ခန်းမအောက်ထပ်ရှိခန်းမတွင်ပြုလုပ်ပေးနေပြီးအဆောက်အအုံ ကိစ္စရပ်များကိုမူစည်ပင်သာယာရေးဘဏ်အပေါ်ထပ်ရှိအခန်းများတွင်လုပ်ငန်းများကို One Stop Service ဆောင်ရွက်ပေးနေကြောင်းသိရသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် မြို့တော်ခန်းမအဆောက်အအုံ၏ဆေးရောင်ကိုယခင်ကတည်းကရှိနေခဲ့သောအဝါရောင်မှ ဗေဒါနုရောင်သို့ ပြောင်းလဲလုပ်ဆောင်ခြင်း၊ မြက်ခင်းပြင်နေရာတွင် အများပြည်သူအတွက် ဝန်ဆောင်မှုလွယ်ကူချောမွေ့စေလိုသည်ဟူသောရည်ရွယ်ချက်ဖြင့် One Stop Service အဆောက်အအုံကိုတည်ဆောက်ခြင်းစသည်တို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနသို့ နေ့စဉ်လာရောက်သောအများပြည်သူအရေအတွက်မှာထောင်ဂဏန်းနီးပါးရှိနေပြီးယင်းတို့အနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် လာရောက်မှုအများဆုံးဌာနမှာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနဖြစ်ကြောင်းသိရသည်။
Source:imyanmarhouse