မဟာနဝရတ်ကွန်ဒိုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍Owner Book များပေးအပ်လိုက်ပြီ


03 December, 2020

မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစီမံကိန်းအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၅၁ လမ်းပြည်သူ့အိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ စီမံကိန်းအတွင်းရှိ မဟာနဝရတ်ကွန်ဒိုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ မူလနေထိုင်ခဲ့ကြသည့် အိမ်ခန်းနှင့် သက်ဆိုင်သူများအား ဝယ်သူအမည်ပေါက် Owner Book များပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းမဟာနဝရတ်ကွန်ဒိုသည် ၁၂ ထပ်ခွဲအဆောက်အအုံဖြစ်ပြီး အိမ်ငှား ၁၁၂ ဦး အတွက် တစ်လွှာလျှင် ၂၈ ခန်းဖြင့် ပထမထပ်မှ စတုတ္ထထပ်အထိ အိမ်ခန်းတစ်ခန်းလျှင် စတုရန်းပေ ၆ဝဝ ကျယ်ဝန်းပြီး အခန်းနှစ်ခန်းပါ ရေမီးအစုံဖြင့် ဖွဲ့စည်းပေးထားသည်။

ယင်းစီမံကိန်းကို မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ ၅၂ ရာခိုင်နှုန်းနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီမှ ၄၈ ရာခိုင်နှုန်းဖြင့် အကျိုးတူပူးပေါင်းကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။

မြို့ပြနှင့် အိမ်ရာဦးစီးဌာနပိုင် လူနေအိမ် ၁၁၂ ခန်းအပါအဝင် လူနေအိမ်ခန်းစုစုပေါင်း ၂ဝဝ နီးပါးပါဝင်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာဦးစီးဌာနပိုင်မြေဖြစ်ပြီး Basement နှင့် မြေညီထပ်တွင် ကားပါကင်၊CCTV လုံခြုံရေးစနစ်၊အရေးပေါ်မီးသတ်စနစ်နှင့် ဓာတ်လှေကားငါးစင်းပါဝင်သည်။

မူလနေအိမ်ခန်းနှင့် ယခုဆောက်လုပ်ပြီးစီးသည့် အိမ်ခန်းပုံစံကွာခြားသည်။မြို့ပြအင်္ဂါရပ်နှင့် အညီဆောက်လုပ်ထားသောကြောင့် မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ စီမံခန့်ခွဲငှားရမ်းထားသော အိမ်ငှားများအနေနှင့်လည်း ဌာနကို အိမ်ခန်းငှားရမ်းခပေးဆောင်ရသည်။

တခြားအိမ်ခန်းနေထိုင်သူများ အနေဖြင့် အိမ်ခန်းငှားရမ်းခပေးဆောင်စရာမလိုပဲ အိမ်ခန်းထိန်းသိမ်းမှုစရိတ်အတွက် သာပေးဆောင်ရမည်ဖြစ်သည်။
အိမ်ခန်း Owner Book ရှိလျှင် အချိန်မရွေး အရောင်းအဝယ်လုပ်နိုင်ကြမည်ဖြစ်သည်ဟု မြန်မာရွှေဥဒေါင်း နှင့် မဟာနဝရတ်မြေ ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ မှ ပြောကြားခဲ့သည်။
ယင်းစီမံကိန်းတွင် ဇွန် ၉ ရက် နှင့် ၁ဝ ရက်တို့တွင် ဗိုလ်တထောင်မြို့နယ် မဟာ ဗန္ဓုလလမ်းရှိ မဟာနဝရတ် ကွန်ဒိုတိုက်ခန်းများကို ဘဏ်များနှင့် ချိတ်ဆက်ကာ ၂ဝရာခိုင်နှုန်း ဈေးလျှော့၍ ၁၅ နှစ်အရစ်ကျ ပေးသွင်းစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျန်ရှိလူနေအိမ်ခန်းများအတွက် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျန်ရှိလူနေအိမ်ခန်းများအတွက် အရစ်ကျစနစ်ဖြင့် ထပ်မံ၍ ခြောက်လ ဝယ်ယူနိုင်ကြောင်းသိရသည်။

ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေး စီမံကိန်းအတွင်းရှိ ကွန်ကရစ်မြေထိန်းနံရံစနစ်ပါသော ငွေကျပ် ၁ဝ ဘီလီယံအကုန်အကျခံဆောက်လုပ်နေသည့် ၁၇ထပ်ခွဲရှိ မဟာနဝရတ်တာဝါကိုလည်း မြို့ပြနှင့် အိမ်ရာဦးစီးဌာနပိုင်မြေတွင် ဆောက်လုပ်လျက်ရှိသည်။

ယင်းတာဝါတွင် တစ်လွှာလျှင် လေးခန်းတွဲဖွဲ့စည်းထားပြီး အထပ် ၁၅ထပ်ပါရှိမည်ဖြစ်ကာ Basement နှစ်ထပ်နှင့် မြေညီထပ်တွင် ယာဉ်စီးရေ ၆ဝ ရပ်နားရန် ကားပါကင်ပါဝင်သည်။ဆောက်လုပ်မှုမှာ ၂ဝ ရာခိုင်နှုန်း ပြီးစီနေပြီဖြစ်သည်။

ယင်းအိမ်ရာ ရှိနေရာမှာ လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ခန့်က ပြည်တော်သစ်အိမ်ရာ စီမံကိန်းအဖြစ် ဆောက်လုပ်ခဲ့ပြီး နိုင်ငံ့ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ငှားရမ်း နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ နှစ်ကာလ ကြာမြင့်လာသည် နှင့်အမျှ တိုက်ခန်းများမှာ ယိုယွင်းပျက်စီးလာ၍ မြို့ပြအင်္ဂါရပ်နှင့် ညီညွှတ်စေရန်ပြန်လည် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#Myanmar Builders Guid

Local Read 72 times