စင်ကာပူအခြေစိုက် Pan Pacific ဟိုတယ်လုပ်ငန်းစုမှ ရန်ကုန်မြို့ Junction City တွင် ၂၅ထပ်အမြင့်ရှိသည့် ကြယ်ငါးပွင့် ဟိုတယ်ကို လာမည့် နိုဝင်ဘာတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းစုမှ ထုတ်ပြန်ကြေညာသည်။
ကြယ်ငါးပွင့် အဆင့်ရှိ ယင်းဟိုတယ်သည် ရန်ကုန်မြို့အချက်အချာကျသည့် ဗိုလ်ချုပ်ဈေး၊ဆူးလေစေတီ နှင့် ရွှေတိဂုံ စေတီ အနီးတစ်ဝိုက်တွင် ဖွင့်လှစ်ခြင်းကြောင့် ဈေးကွက်အလားအလာ ကောင်းနိုင်သည်ဟု ထုတ်ပြန်ချက်ဆိုသည်။
ယခုဖွင့်လှစ်သည့် ဟိုတယ်သည်စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ဇိမ်ခံအနားယူလိုသည့် ခရီးသွားများကို ဦးတည်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိကြောင်း၊
ယင်း Pan Pacificဟိုတယ်အုပ်စုသည် မြန်မာနိုင်ငံတွင် ParkRoyal အမည်ဖြင့် ရန်ကုန်နှင့် နေပြည်တော်တွင် ဟိုတယ်နှစ်လုံး ဖွင့်လှစ်ထားကြောင်းသိရသည်။
လက်ရှိ ရန်ကုန်မြို့တွင်ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် ရှစ်လုံးခန့်သာ ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဟိုတယ် ၁၄၃၂ လုံးဖွင့်လှစ်ထားပြီး ရန်ကုန်တွင် ၃၅၄လုံး ဖွင့်လှစ်ထားကြောင်းသိရသည်။
မြန်မာနိုင်ငံ တွင် ၁ဝနိုင်ငံမှ ဟိုတယ်လုပ်ငန်း၅၆ခု လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည်ဖြစ်ကြောင်း၊ယင်းတို့အနက် စင်ကာပူနိုင်ငံမှ ဟိုတယ်လုပ်ငန်း၂၆ခုဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး
ထိုင်းနိုင်ငံမှာ ဒုတိယအများဆုံးဖြစ်ကြောင်း၊ဟောင်ကောင်နှင့် ဂျပန်တို့မှ အဆင့်လိုက် အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။
imyanmar House