ဇလွန်မြို့နယ် သဲကုန်း-ညောင်အိုင်ရွာအနီး ပန်းတားသစ်တည်ဆောက်ရန် လိုအပ်နေ


07 December, 2019

 ကမ်းပြိုမှုဆိုးရွားလာသဖြင့် ရေကာတာကျိုးပေါက်ပြီး ဆက်စပ်ဒေသများ ရေဘေးမသင့်စေရန် ဇလွန်မြို့နယ်၊ သဲကုန်း-ညောင်အိုင်ရွာအနီး ပန်းတားသစ်တည်ဆောက်ရန် လိုအပ်နေကြောင်း သိရသည်။

        ယင်းနေရာ၌ မြစ်ကြောင်းတိုင်းတာမှုအရ ရေနက်စီးကြောင်းများစွာဖြစ်ပေါ်နေသဖြင့် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ရန်ခက်ခဲပြီး လုံခြုံစိတ်ချရသည့်အနေအထားမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရေရှည်ကာကွယ်နိုင်ရေးအတွက် ပန်းတားတည်ဆောက်ရန် လိုအပ်နေခြင်းဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

        အဆိုပါပန်းတားကို တည်ဆောက်နိုင်မည်ဆိုပါက ကမ်းပြိုမှုနောက် ကမ်းရင်းတာပါသွားခဲ့လ ျှင်တောင် ပန်းတားအဆင်သင့်ရှိနေမည်ဖြစ်သဖြင့် ရေဘေးအန္တရယ်အတွက် စိတ်ချရသည့် အနေအထားရှိလာမည်ဖြစ်ကြောင်း
ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးသာယာက သုံးသပ်ပြောကြားသည်။

        ဧရာဝတီ-ဟင်္သာတရေကာတာ တာမိုင် ၂၁/၆-၂၂/၄ အတွင်း ၂၀၁၀-၂၀၁၁ နှင့် ၂၀၁၁-၂၀၂၂ ခုနှစ်များတွင် ကမ်းပြိုတိုက်စားမှုကြောင့် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မြစ်ကမ်းပြိုမှုကြောင့် မူလကမ်းရင်းတာ ပါသွားခဲ့သဖြင့် အိုးဘို-သဲကုန်း ဖြတ်တာအား တည်ဆောက်ခဲ့ရကြောင်း၊ တာမိုင် ၂၂/၀ နှင့် ၂၃/၀ အတွင်းရှိ တာမှာ ၂၀၁၃ ခုနှစ်မှစ၍ ကမ်းစားမှု အနည်းငယ် စတင်ဖြစ်ပေါ်ခဲ့ပြီး ရေဝဲပြန်များကြောင့်လည်းကောင်း၊ မြစ်ရေစီးကြောင်း ဦးတည်တိုက်စားမှုကြောင့်လည်းကောင်း၊ ရေနက်စီးကြောင်းနေရာများဖြစ်၍ ကမ်းပြိုကမ်းစားမှုများ ဆက်လက်ဖြစ်ပေါ်ခဲေ့ကြာင်း၊ ၂၀၁၆ ခုနှစ်၌ တာမိုင် ၂၂/၂+ ၂၂၀ - ၂၂/၂+၃၃၀ အတွင်း မြစ်ကမ်းဘက်တွင် အလျား ၈၀ ပေအနက် သုံးပေခန့် နိမ့်ဆင်းသွားခဲ့ဖူးကြောင်း ဆည်မြောင်းမှတ်တမ်းများအရ သိရသည်။

Local Read 97 times