စင်ကာပူမှ အထင်ကရ အဆောက်အဦတစ်ခု ဖြစ်သော People’s Park Complex သည် ဘက်စုံသုံး အထပ်မြင့် အဆောက်အဦ ဗိသုကာပုံစံ ဖြင့် အရှေ့တောင်အာရှတွင် ပထမဆုံး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
စင်ကာပူအစိုးရ၏ အိမ်ရာဖွံဖြိုးရေးအဖွဲ့HDB မှ အကောင်အထည်ဖော်ခဲ့သည်။
စီးပွားရေးလုပ်ငန်း အရောင်းဆိုင်များနှင့် အိုးအိမ်တိုက်ခန်းများ တွဲစပ်ထားသော အဆောက်အဦကို HDB ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Urban Renewal Board က စမ်းသပ် အကောင်အထည်ဖော်သည့် စီမံကိိန်းတစ်ခုလည်း ဖြစ်သည်။
ဈေးဆိုင်တန်းများနှင့် လေဟာပြင်တို့ တွဲဘက်ထားသော ဗိသုကာပုံစံကို စင်ကာပူတွင် ပထမဆုံး အသုံးပြုခဲ့သည်။ ထိုစဉ်က ဂျပန်ဗိသုကာတွင် သသဘောတရားတစ်ရပ်အဖြစ်ဖြင့်သာ ရှိနေခဲ့သော ဗိသုကာ စိတ်ကူးဖြစ်သည်။
ယခုအခါ People’s Park Complex မှ လူနေတိုက်ခန်း ပေါက်ဈေးသည် တစ်စတုရန်းပေ စင်ကာပူဒေါ်လာ ၉၆၀ ဝန်းကျင် ရှိသည်။ ၁၉၆၈ ခုနှစ်တွင် အစပြုသည့် ၉၉ နှစ် အငှားသက်တမ်း ရှိရာ၌ ၄၇ နှစ်သာ ကျန်တော့သည်။
သမိုင်းဝင်ပထဝီအရ ပုလဲတောင်ကုန်း၏ တောင်ခြေတွင် တည်ရှိသည်။ မြေနေရာကို အပန်းဖြေ ပန်းခြံအဖြစ် အသုံးပြုခဲ့သည်။ ဆိုင်ငယ်များ ဖွင့်လှစ်ကြရာမှ ပုလဲဈေး ပေါ်ပေါက်လာသည်။ ထို့နောက် Pearl’s Market အစား People’s Market ဟု အမည်တွင်ရာ ပန်းခြံသည်လည်း People’s Park ဟု အမည်တွင်သည်။
၁၉၆၆ တွင် မီးအကြီးအကျယ်လောင်ပြီး ပျက်စီးသွားခဲ့သည်။
ထိုမြေနေရာတွင် တည်ဆောက်သော People’s Park Complex 珍珠坊 သည် ၃၃ ထပ် အဆောက်အဦ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများအတွက် အဆောက်အဦအပိုင်းကို ၁၉၇၀ တွင် ပြီးစီးခဲ့ပြီး အိုးအိမ်တိုက်တာကို ၁၉၇၃ တွင် ပြီးစီးသည်။
စီးပွားရေး လုပ်ငန်းများအတွက်နေရာတွင် ပစ္စည်း အရောင်းဆိုင်များ၊ ရုံးခန်းများ၊ စားသောက်ကုန်နှင့် အဖျော်ယမကာဆိုင်များ၊ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ထားသည်။
စင်ကာပူ တရုတ်တန်း၏ နေရာကောင်းတွင် တည်ရှိသည်။