တင်ဒါအာမခံ P.O များသည် (၄)လ (၅)လခန့်ငွေသေအဖြစ်ဘဏ်ထဲတွင် နှစ်စဉ်တန်ဖိုးမဲ့စွာ ရပ်တန့်နေရသည်။
နိုင်ငံစီးပွားရေးအင်အားစု၏အစိတ်အပိုင်းတခုဖြစ်သော ဆောက်လုပ်ရေးကဏ္ဍ၏လည်ပတ်စီးဆင်းနေရမည့် ငွေအလုံးအရင်းသည်
နှစ်စဉ်တင်ဒါစခေါ်ယူချိန်မှ စပြီး စာချုပ်ချုပ်ချိန်အထိများသော အားဖြင့် (၄)လ (၅)လ ခန့်ကြာမြင့်စွာ ဆွံအရပ်တန့်နေရခြင်းသည် တိုင်းပြည်စီးပွားရေးပေါ်မူတည်နေကြောင်း သိရသည်။
တိုင်းတစ်တိုင်းရှိဌာနတစ်ခုတွင် သိန်း၃ဝဝဝတန်ပရောဂျက်တခုအတွက်နိုင်ငံသားလုပ်ငန်းရှင်သည် အာမခံ P.O တစ်ရာခိုင်နှုန်းကျပ်သိန်း(၃ဝ)သွင်းရပါသည်။၎င်းဌာနတွင် Lot (၅ဝ)ရှိပါက P.O သွင်းငွေမှာ ကျပ်သိန်း(၁၅ဝဝ) ရှိကြောင်း သိရသည်။
ဝင်ပြိုင်သူ ၅ဝနှင့်တွက်လျှင် လူတိုင်းသည်Lot စုံအောင်တင်ခဲသဖြင့် လူ(၅ဝ)နှင့် တွက်ပါက မျှမည်ထင်သည်။ ထို့ကြောင့် P.O ငွေကျပ်သိန်း(၇၅,ဝဝဝ)ဖြစ်သည်။
အဆိုပါတိုင်းတွင်ပင်အခြားဌာန(၁၅)ခုရှိသည်ဆိုလျှင်တိုင်းတစ်တိုင်းအတွင်းဌာနအစုံမှ P.O သွင်းငွေကျပ်သိန်းပေါင်း (၁,၁၂၅,ဝဝဝ)သည်အာမခံငွေအဖြစ်ဘဏ်သို့ရောက်ရှိနေသည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၅)ခုတွင် ပျမ်းမျှအားဖြင့်(၁၁၂၅ဝဝဝ)×(၁၅)=(၁၆,၈၇၅,ဝဝဝ) ကျပ်သိန်းသည် လည်ပတ်စီးဆင်းမှုမရှိသော အပ်ငွေများအဖြစ် တင်ဒါစာချုပ်မချုပ်မီ အထိငွေသေအဖြစ်ရှိနေကြောင်း သိရသည်။
လုပ်ငန်းတင်ဒါအောင်သူများမှာလည်း လူနည်းစုသာ ဖြစ်သဖြင့် လူများစုမှာ P.Oများပြန်လည်ထုတ်ယူသည့်တိုင် ယင်းနှစ်အတွက် လုပ်ငန်းအခြေပျက်ရပြီဖြစ်သည်။
တင်ဒါစိစစ်သောကာလကို (၂)လအလွန်ဆုံးထားရှိလျှော့ချခြင်း၊ဘဏ်တိုးရရှိစေသောအခြားခေါင်းစဉ်ဖြင့် တင်ဒါအာမခံစဘောငွေထားရှိခွင့်ပြုခြင်းအပါအဝင်တတ်သိပညာရှင်များမှ
ကောင်းမွန်မှန်ကန်သောအဖြေတစ်ရပ်ထုတ်ကာငွေလည်ပတ်စီးဆင်းမှုကာလရှည်ရပ်တန့်သည့် P.Oပြဿနာကိုဖြေရှင်းသင့်ပြီဖြစ်ကြောင်း သိရသည်။
Source:Myanmar Builders Guide’s Reviewer