ဆိပ်ကမ်းလုပ်ငန်းခေတ်မီဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များ စီမံခန့်ခွဲရေးစီမံကိန်း(The Project for Port EDI for Port Modernization)အရ
ဂျပန်နိုင်ငံ အစိုးရနှင့် International Cooperation Agency(JICA)တို့၏ အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် ဆိပ်ကမ်းလုပ်ငန်းစဉ်များကို ကွန်ပျူတာကွန်ရက်စနစ်သုံး
Port EDI စီမံကိန်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ယခု Port EDI စီမံကိန်းလုပ်ငန်းသည် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအား အကူအညီ ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များမှ အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊မြန်မာနိုင်ငံသည်အာဆီယံပြတင်းတစ်ပေါက် စနစ်
(ASEAN Single Window)သို့ ဝင်ရောက်နိုင်ရန်အတွက် (Myanmar National Single Window)အားမဖြစ်အနေ တည်ဆောက်မည်ဖြစ်ကြောင်း၊ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးမှ ပြောကြားကြောင်းသိရသည်။
ရေကြောင်းကုန်သွယ်မှုသည် နိုင်ငံတော် ကုန်သွယ်မှုအားလုံး၏ ၈၅ ရာခိုင်နှုန်း ခန့်ရှိပြီး အရေးကြီးသည့် ကုန်သွယ်မှု လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ထိုသို့အရေးကြီး သည့်ရေကြောင်းကုန်သွယ်မှု လုပ်ငန်းစဉ်တွင်
သတင်းအချက်အလက် ဆက်သွယ်မှုတွင် ခေတ်မီနည်းပညာများ အသုံးပြုရန် လိုအပ်လျက်ရှိကြောင်း၊ဂျပန်နိုင်ငံ အစိုးရ နှင့် ဂျပန်ပြည်သူများ၏ မေတ္တာဖြင့် ကူညီမှုကြောင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင်
ယခု Port EDI စနစ်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည့် Port EDI စနစ်အောင်မြင်စွာ အသုံးပြုဆောင်ရွက်နိုင်ရန်အတွက် ဆက်စပ်သည့်ဌာနများမှ
ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း၊ဆိပ်ကမ်းလုပ်ငန်းစဉ်များ တိုးတက်ပြောင်းလဲမှုအတွက် ပါဝင်ဆောင်ရွက်ရန်တိုက်တွန်းနေကြောင်း သိရသည်။
Port EDI စနစ်ကို အသုံးပြုခြင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းစဉ် အစအဆုံးManual စနစ်ဖြင့် လူအင်အား သုံးဝန်ဆောင်မှုပေး အချက်အလက်ဖလှယ်ရယူနေသည့် Port Related Procedure များ၊စီမံခန့်ခွဲမှု စနစ်များနေရာတွင်
ခေတ်နှင့်အညီ နိုင်ငံတကာစံချိန်မီ Computerized Electronic ဝန်ဆောင်မှုနှင့် စီမံခန့်ခွဲမှု စနစ် များဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စာရွက်စာတမ်းလုပ်ငန်းများ လျှော့ချကာ ဆိပ်ကမ်းလုပ်ငန်းစဉ်များကို
လွယ်ကူလျင်မြန်တိကျစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။