ငွေပေးချေမှုပုံစံ သုံးမျိုးဖြင့် River Front Garden Condominium


03 November, 2020

ထိုကွန်ဒိုအားတရုတ်နိုင်ငံမှ CSCEC construction မှတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ယင်းကွန်ဒိုသည် ဆိပ်ကမ်းသာလမ်း(FMI Cityအနီး)လှိုင်သာယာမြို့နယ် ရန်ကုန်တွင်ရှိပြီး ဘုရင့်နောင်တံတားနှင့်အောင်ဇေယျတံတားအကြားတွင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် ခုနှစ်လပိုင်းခန့်လောက်တွင်အပြီးတည်ဆောက်နိုင်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။

တရုတ်နိုင်ငံရှိ Cendes Architecture မှဒီဇိုင်းဖြစ်ပြီးခေတ်ဟောင်းနှင့်ခေတ်သစ်ကိုပေါင်းစပ်ထားသောArt-Design၊ လှပကျစ်လစ်သောEuropean layout Designများဖြင့်တည်ဆောက်မည်ဟုသိရသည်။

ကွန်ဒိုအဆောက်အအုံပေါင်း ၁၃လုံးပါရှိမည်ဖြစ်ပြီး အထပ်ပေါင်း၂၁ထပ် ပါသောအဆောက်အဦမှာ၄လုံး၊ ၂၃ထပ်ပါသောအဆောက်အဦမှာ၂လုံး၊၃၂ထပ်မြင့်သောအဆောက်အအုံ၇လုံးတည်ဆောက်မည်ဖြစ်သည်။

အခန်းတစ်ခန်း၏အကျယ်အဝန်းမှာ စတုရန်းပေ၅ဝဝကျော်မှ ၁ဝဝဝကျော်ခန့်ကျယ်ဝန်းမည်ဖြစ်ကြောင်း၊Pent Houseမပါရှိပါ။

အဆောက်အအုံတစ်လုံးစီတွင်ဓာတ်လှေကား၂စင်းစီပါဝင်မည်ဖြစ်ပြီးBasement မှာအထပ်အရေအတွက် ပေါ်မူတည်ပြီး အနည်းဆုံး၂ထပ်ပါဝင်မည်ဖြစ် ကြောင်းသိရသည်။

Facility အနေဖြင့်ရေကူးကန်၊အားကစားခန်းမ၊ကျန်းမာရေးလေ့ကျင့်ခန်းနေရာများ၊Super Marketများ၊ရုပ်ရှင်ရုံ၊ KTV၊Coffee Shop၊စားသောက်ဆိုင်များပါရှိမည်ဖြစ်ကြောင်းသိရသည်။

အခန်းတန်ဖိုးမှာတစ်စတုရန်းပေလျှင်နှစ်သိန်းဝန်းကျင်ခန့် ခန့်မှန်းထားကြောင်းသိရသည်။

construction basement သည်အထပ်အလိုက်ကွာမည်ဖြစ်ပြီး၊လစာအရစ်ကျအနေဖြင့်customerနှင့်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊လက်ငင်းငွေချေစနစ်ဖြင့်ပေးချေနိုင်သည်

ဟူပြီးငွေပေးချေမှုသုံးမျိုးရှိကြောင်းသိရသည်။

Riverfront Garden's sales.

Residential Read 41 times