ကွန်ဒို စီမံကိန်းတွင် Sakura construction firm မှ $ 30 million ရင်းနှီးမြုပ်နှံမည့်သူများရှာဖွေနေ


27 October, 2020

Sukura ကုန်သွယ်ရေးစင်တာ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော sakura ဆောက်လုပ်ရေးကုမ္ပဏီသည် တောင်ဥက္ကလပမြို့နယ် ပုစွန်တောင်ချောင်းအနီးရှိ sakura executive city တွင် ကွန်ဒို တာဝါ ၂၂ လုံးတည်ဆောက်ရန်မျှော်လင့်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းဧရိယာမှာ ၁၀ ဧကရှိမည်ဖြစ်ကြောင်းသိရသည်။

ထိုကုမ္ပဏီမှ ယင်းစီမံကိန်းအတွက် ကုန်ကျမည့် ငွေပမာဏမှာအမေရိကန်ဒေါ်လာသန်း ၃၀၀ နီးပါးရှိမည်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကိုရင်းနှီးမြုပ်နှံမည့်သူကိုရှာဖွေနေကြောင်းသိရသည်။

စီမံကိန်းအတွက်ကျန်ရှိသည့် ငွေပမာဏကို Global Treasure Bank (GTB) မှချေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်အာရှနှင့်ဥရောပဘဏ်များက ချေးငွေထောက်ပံ့ပေးမှုများအတွက် ကြိုးစားနေပြီး အဆိုပြုလွှာကို ပြန်လည် ပြင်ဆင်ကာ လာမည့် မတ်လလယ်လောက်တွင်       ပြန်လည်တင်ပြ နိုင်မည်ဟု မျှော်မှန်းထား ကြောင်း သိရသည်။

ယခုလက်ရှိအစိုးရအသစ်၏  ပေါ်လစီကြောင့်အိမ်ရာစီမံကိန်းများ၏အဆိုပြုလွှာများကိုပြန်လည်ပြင်ဆင်ရသည်ဟုသိရသည်။

အဆိုပြုလွှာများကို ပြန်လည်ပြီးဆင်မှုကို ပြန်လည်တင်ပြပြီးသည်နှင့် စီမံကိန်းလုပ်ငန်းများကို ဧပြီလလယ်လောက်တွင် စတင်ပြုလုပ်နိုင်မည်ဟု ရည်ရွယ်ထားကြောင်းသိရသည်။

ယင်းစီမံကိန်းမှာ ငါးနှစ်စီမံကိန်းဖြစ်ပြီး ပြီးစီးသွားပါက အခန်းပေါင်း ၁၀၀၀ ကျော်၊ ကားအစီးရေ ၁၅၀၀ ရပ်နားနိုင်သော ကားပါကင်များ၊ ရေကူးကန်များ၊ ဆေးခန်းများနှင့် shopping center များလည်းပါဝင် တည်ဆောက်ထားမည်ဖြစ်ကြောင်းသိရသည်။

အခန်းများကို ဝယ်ယူသူများအနေဖြင့် GTB ဘဏ်တွင် ၁၀ နှစ်မှ ၂၀ နှစ်အထိ အရစ်ကျငွေပေးချေနိုင်ရန် စီစဉ်ထားကြောင်းလဲသိရသည်။

Source:Myanmar business today website

Residential Read 56 times