မြန်မာနိုင်ငံတွင် ပထမဆုံးပင်လယ်ဘက်သို့မျက်နှာမူထားပြီး လမ်းလျှောက်စျေး၊ကမ်းနားပန်းခြံများဖြင့် ပေါင်းစပ်ထားသည့် Sea View Condo အထပ်မြင့်အိမ်ရာစီမံကိန်းကို မြိတ်မြို့တွင် ယခုလအတွင်းစတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့ရေပုန်းရပ်ကွက် ကမ်းနားလမ်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Sea View Condo စီမံကိန်းတွင်အဆင့်မီလူနေအိမ်ခန်းများပါဝင်မည်ဖြစ်ပြီး မြိတ်မြို့၏ ပထမဆုံး မိုးမျှော်အဆောက်အအုံများဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းနှင့် ပတ်သက်၍ EIA,SIA(ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာအသိပေးခြင်း)ကို ပြီးခဲ့သည့် ရက်ပိုင်းတွင်ပြုလုပ်ခဲ့ပြီး မကြာမီလုပ်ငန်းစတင်မည်ဖြစ်ကြောင်း သိရသည်။
ကွန်ဒိုအဆောက်အအုံအား ခွင့်ပြုချက်ရသည်နှင့် Face One ဖြစ်သည့်အဆောက်အအုံ လေးလုံး ၂၂ထပ်၊၂၈ထပ်ပါသော လေးလုံးအား နှစ်နှစ်အတွင်း အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အမြင့်ဆုံး ၃၂ထပ်အထိပါဝင်မည့် ယင်းအဆင့်မီအိမ်ရာစီမံကိန်းကို ယန်စီမြစ်အင်တာနေရှင်နယ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေပြီး ၂၂ထပ်မှ ၃၂အထိပါဝင်မည့် အဆောက်အအုံပေါင်း ၁၂လုံး ရှိမည်ဖြစ်ကြောင်း သိရသည်။
ကွန်ဒိုဆောက်မည့်နေရာမှာ စုပေါင်းမြေအဖြစ်ပြောင်းရမည်။စုပေါင်းမြေအဖြစ်ပြောင်းမှ ကွန်ဒိုဆောက်လုပ်ခွင့် ရှိကြောင်း သိရသည်။ဂရန်မှ စုပေါင်းမြေအဖြစ်ပြောင်းရန်ရက်ပိုင်းခန့်သာကြာပြီး
စာရွက်စာတမ်းစုံလင်နေပြီဖြစ်သောကြောင့် တိုင်းဒေသကြီး စီမံခန့်ခွဲမှုကော်မတီကိုအချိန်နှင့်တစ်ပြေးညီ ဆက်လက်တင်ပြမည်ဖြစ်ပြီး ဒီလထဲတွင်ခွင့်ပြုမည်ဟု ယူဆထားကြောင်း သိရသည်။
ယင်းစီမံကိန်းအား MIC မှ ရင်းနှီးမြှုပ်နှံခွင့်ဒေါ်လာ ၁၇၃သန်းခွင့်ပြုထားပြီး ၂၇ဧကကျယ်ဝန်းသည့်မြေပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအနေအထားတွင် Shop House များတည်ဆောက်နေပြီး အနောက်ဘက်ရှိ လူနေအိမ်ရာများကို တိုင်းဒေသကြီးစီမံခန့်ခွဲမှု ကော်မတီမှ ခွင့်ပြုချက်ရသည်နှင့် စတင်တည်ဆောက်တော့မည်ဖြစ်ကြောင်း သိရသည်။
ခေတ်မီဆန်းသစ်သည့်နည်းပညာများ၊ရေကူးကန်၊ကစားကွင်းနှင့် လုံခြုံရေးစနစ်များကြောင့် မြို့နေလူထုများကြားတွင် စိတ်ဝင်စားမှုရှိနေသည့် စီမံကိန်းဖြစ်ပြီးတာဝန်ရှိသူများမှ
စတင်ဆောက်လုပ်သည့်ယခုလမှ နှစ်နှစ်အတွင်း အဆောက်အအုံလေးလုံးအား အပြီးသတ်တည်ဆောက်မည်ဟုပြောကြားခဲ့ကြောင်း သိရသည်။