ငလျင်ဒဏ်ခံနိုင်ရန် Seismic Loading အား မဖြစ်မနေ ထည့်သွင်း တွက်ချက်ဆောင်ရွက်ရန် တိုက်တွန်း


20 November, 2020

ဖေဖော်ဝါရီ ၂၆ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂ဝ၁၈ ခုနှစ်ဧပြီမှ စက်တင်ဘာလအထိ ခြောက်လ အမျိုးသား စီမံကိန်း

ဥပဒေကြမ်း နှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းပြီးလွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းစဉ် ပြောကြားခဲ့ကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဆောက်အအုံ ဦးစီးဌာနအား ၂ဝ၁၈ခုနှစ် ဧပြီ မှ စတင်ကာ Regulatory Body ပြောင်းလဲပြီးသည့်နောက်ပိုင်း

အဆောက်အအုံလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်မည် မဟုတ်ပဲဝန်ကြီးဌာနများ၊သက်ဆိုင်ရာပြည်နယ်၊တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်များမှ တင်ဒါစနစ်ဖြင့်

ဆောင်ရွက်သွားကာ လိုအပ်သည့် အမိန့်၊ညွှန်ကြားချက်၊စည်းမျဉ်းစည်းကမ်းများကို သာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး မှ ပြောကြားသည်။

စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် ရှိပြီး လူဦးရေထူထပ်သည့် မန္တလေး၊နေပြည်တော်၊ပဲခူး၊ရန်ကုန်တိုင်းဒေသကြီးတွင် အဆောက်အအုံများ ဆောက်လုပ်ပါက Seismic Loading အား

မဖြစ်မနေ ထည့်သွင်းတွက်ချက်ဆောင်ရွက်ကြရန် ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး မှ တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုသာ ငလျင်ဇုန်မှ လွတ်မြောက်နိုင်သည့်အခြေအနေရှိသည်။ကျန်သည့် တိုင်းဒေသကြီး၊ပြည်နယ်အားလုံး သည် ငလျင်ဇုန်အတွင်းတွင်

အနည်းနှင့်အများ သက်ရောက်မှု ရှိသည်။အထူးသဖြင့် စစ်ကိုင်း Fault ကြီး၏ အပေါ်တွင် ရှိနေပြီး လူဦးရေထူထပ်သည့် ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊တွင်

အဆောက်အအုံ ဆောက်လုပ်မည် ဆိုလျှင် Seismic Loading အား မဖြစ်မနေ ထည့်သွင်းတွက်ချက်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း သိရသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ PAE နှုန်းထားများသည် ဒီဇိုင်းပေါ်မူတည်ပြီးကွဲပြားခြင်းဖြစ်ကြောင်း၊Ultimate Strength Design Method တွင်လည်း Seismic မြေငလျင်ကိစ္စထည့်သွင်း

တွက်ချက်ခြင်း၊မတွက်ခြင်းပေါ်မူတည်ပြီး Reinforcement ရာခိုင်နှုန်း ၂ဝခန့် ကွာခြားနိုင်ကြောင်း၊ထို့ပြင် အောက်ခံမြေသားကောင်းမွန်မှု အခြေအနေပေါ်မူတည်ပြီးလည်း PAE နှုန်းထားများ ပြောင်းလဲနိုင်ကြောင်း

၊ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝကျော်ခန့်မှ စပြီး Working Stress Design Method ဖြင့် တွက်ချက်တည်ဆောက်ခဲ့ကြောင်း ဒုဝန်ကြီးမှ ပြောကြားကြောင်း သိရသည်။

Infrastructure and Zones Read 68 times