ကျောက်ဖြူအထူး စီးပွားရေးဇုန် (ကျောက်ဖြူ SEZ)နှင့် မြန်မာ-တရုတ် နယ်စပ် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဇုန်များ အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီက ပြောကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံ ခရီးမစတင်မီ ဒီဇင်ဘာ ၇ ရက်တွင် နေပြည်တော်၌ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံစဉ် မစ္စတာဝမ်ယီက ထိုကဲ့သို့ ပြောကြားခဲ့ကြောင်း သံရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ-တရုတ် စီးပွားရေးစြင်္ကံ စီမံကိန်းကို စိတ်ကူးအဆင့်မှ လက်တွေ့တည်ဆောက် ရေး အဆင့်သို့ တိုးမြှင့် ဆောင်ရွက်သင့်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။
စီးပွားရေး စင်္ကလြမ်း စီမံကိန်း၏ ကျောရိုးဖြစ်နေသော အခြေခံ အဆောက်အအုံကဏ္ဍ ကို နှစ်နိုင်ငံ ပူးပေါင်းမှုဖြင့် အကောင်အထည် ဖော်ရေး မစ္စတာဝမ်ယီက ပြောကြားသည်။
မြန်မာ-တရုတ် နယ်စပ်စီးပွားရေးဇုန် မြေပြင်တွင် စတင်နိုင်မည့် အချိန်နှင့်ပတ်သက်၍ ‘‘တရုတ်အစိုးရရဲ့ တုံ့ပြန် မှုပေါ်မူ တည်တယ်’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာက တရုတ်နိုင်ငံ နန့်နင်းမြို့၌ ပြုလုပ်သော တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ပွဲတွင် နှစ်နိုင်ငံအစိုးရ တာဝန်ရှိ သူများ သီးသန့် တွေ့ဆုံခဲ့သည်။
ထိုကဲ့သို့ သီးသန့်တွေ့ဆုံပွဲ ၌ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်က ကျောက်ဖြူရေနက် ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန် စီမံကိန်း၊မြန်မာ - တရုတ် နယ်စပ်စီးပွားပူးပေါင်း ဆောင်ရွက်ရေးဇုန်နှင့် မူဆယ်- မန္တလေးရထားလမ်း စီမံကိန်း အမြန်အကောင်အထည်ဖော်ရေးလည်း ပါဝင်ကြောင်း အစိုးရအဖွဲ့ အဆင့်မြင့် အရာရှိ တစ်ဦးက ရှင်းပြသည်။
လက်ရှိ မြန်မာ-တရုတ်နယ်စပ် စီးပွားရေးဇုန် စီမံကိန်းနှင့် ပက်သက်ပြီး မြန်မာနိုင်ငံဘက်မှ မူဘောင်သဘောတူညီချက်မူကြမ်းကို တရုတ်အစိုးရထံ ပေးပို့ထားကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန လက်ထောက်အတွင်း ဝန် ဦးခင်မောင်လွင်က ပြောသည်။
ကီလိုမီတာ ၁,၉၀၀ ကျော် ရှည်လျားသော မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်တွင် နှစ် နိုင်ငံအစိုးရများက နယ်စပ်စီးပွား ရေးဇုန်သုံးခု အကောင်အထည် ဖော်ရန် စီစဉ်ထားသည်။
မြန်မာနိုင်ငံ ဘက်ခြမ်းတွင် ရှမ်းပြည်နယ် ချင်းရွှေဟော်နှင့် မူ ဆယ်၊ ကချင်ပြည်နယ် ကန်ပိုက် တီးစသော နယ်စပ်များ၌ စီးပွား ရေးဇုန်များ အကောင်အထည် ဖော်မည်ဖြစ်သည်။
ထို့အတူ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှု အကြံပေးအဖွဲ့ ငှားရမ်းထားသည်။ ထို့အပြင် သဘာဝပတ်ဝန်း ကျင်ထိခိုက်နစ်နာမှု ဆန်းစစ်လေ့လာချက်နှင့် လူမှုဘဝထိခိုက်နစ်နာမှုများ ဆန်းစစ်လေ့လာချက်များ (EIA/SAI)နှင့် ပထဝီအနေအထား၊ ဧရိယာသွင်ပြင် အနေအထား လေ့လာခြင်းတို့ ဆောင်ရွက်နေသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။