စီမံကိန်း ၈ဝရာခိုင်နှုန်းခန့် ပြီးစီးနေသည့် Sheraton Hotel Yangon


08 November, 2020

အမေရိကန်နည်းပညာဖြင့် ကြယ်ငါးပွင့်အဆင့်မီ Sheraton Hotel Yangonတည်ဆောက်ရေးစီမံကိန်းသည် ယခုချိန်တွင်တည်ဆောက်မှု ၈ဝရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းသည် အမေရိကန်အခြေစိုက် Star Wood Hotels and Resorts ကုမ္ပဏီ၏ ပြည်တွင်းရင်းနှီးမြှုပ်နံှမှု Sheraton Brand အဖြစ် မြန်မာနိုင်ငံ Family Business Hotel နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ပထမဆုံးအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းသည် ဦးထွန်းမြတ်လမ်း၊ရန်ကုန်မြို့တွင် တည်ရှိပြီး မြေ ၁ဒသမ ၂၃ ဧကပေါ်တွင် အမေရိကန်ဒေါ်လာ၆၅သန်းအကုန်အကျခံဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။

ဟိုတယ်တစ်ခုလုံး၏ floor ဧရိယာမှာ ၃၉၆၉၇၈စတုရန်းပေရှိပြီး အဆောက်အအုံမှာ အလျား ၂၁၇ပေနှင့် အနံ ၂၆၆ပေ ရှိကြောင်းသိရသည်။

အခန်းပေါင်း ၃၄၇ခန်းပါဝင်မည်ဖြစ်ပြီး Basement နှစ်ထပ်ကားပါကင်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ဟိုတယ်အဆောက်အအုံမှာ နိုင်ငံတကာစံချိန်မီ ၁၆ထပ်ခွဲအဆောက်အအုံဖြစ်ပြီး အဆင့်မီ ဓာတ်လှေကား ၉ စင်း နှင့် စက်လှေကားသုံးစင်းပါဝင်မည်ဖြစ်ကြောင်း၊ပထမထပ်ရှိ Ball Room တွင်

လူဦးရေ ၇ဝဝဆံ့သည့် အခန်းထည့်သွင်းဆောက်လုပ်မည်ဖြစ်ပြီး ဟိုတယ် အဝင်ဝတွင် အဆင့်မြင့်စားသောက်ဆိုင် သုံးဆိုင်ပါဝင်မည်ဖြစ်ပြီးအပေါ်ထပ် ၁၂ထပ်လွှာ(Rooftop)တွင်လည်း စားသောက်ဆိုင် တစ်ဆိုင်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

မြေညီထပ်တွင် International စားသောက်ဆိုင် တစ်ဆိုင်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ဟိုတယ်အဆောက်အအုံ ဒုတိယထပ်တွင်ရေကူးကန်၊အားကစားလေ့ကျင့်ခန်း၊နိုင်ငံတကာအဆင့်မီ Spaများပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Myawaddy Newspaper

Hospitality Read 233 times