အမြင့်ပေသတ်မှတ်ချက်ထက်ကျော်လွန်နေသည့် Shop House များအားဖြိုဖျက်သင့်၊ မသင့် ဆုံးဖြတ်သွားမည်


02 November, 2020

မန္တလေးမြို့အမရပူရမြို့နယ်တွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောတောင်သမန်ကျေးလက်အပန်းဖြေစီမံကိန်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သတ်မှတ်အမြင့်ပေ၄၀ထက်ကျော်လွန်နေသော Shop Houserများကိုယခုလအတွင်းအသစ်ပြင်ဆင်ရေးဆွဲနေသည့်ဒီဇိုင်းထွက်ရှိလာပါကဖြိုဖျက်သင့်၊မသင့်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းတောင်သမန်သစ္စာကုမ္ပဏီလီမိတက်မှသိရသည်။

ပြီးခဲ့သောတိုင်းအစိုးရအဖွဲ့လက်ထက်တွင်အမြင့်၅၇ပေအထိတည်ဆောက်ခွင့်ပြုခဲ့သောကြောင့်၆လုံးသည်အ ကြမ်းထည်အဆင့်ထိပြီးစီးခဲ့ကြောင်းသိရသည်။

လက်ရှိတိုင်းအစိုးရလက်ထက်တွင်အမြင့်ဆုံးပေ၄၀ထိသာခွင့်ပြုသည့်အတွက်ဒီဇိုင်းပြန်လည်ပြင်ဆင်ရေးဆွဲနေဆဲကာလတွင်ကုမ္ပဏီမှတင်ပြလာသောမဖြိုဖျက်သေးသောနိုင်ငံခြားသားပညာရှင်များရေးဆွဲသောဒီဇိုင်းအသစ်ထွက်ပေါ်လာသောပုံစံပေါ်မူတည်ကာဖြိုဖျက်သင့်သည့်အရာဖြိုဖျက်၊လက်ရှိတည်ဆောက်မှုနှင့်တွဲဆက်ပြီးအ မြင့်ပေကိုလျှော့ချပြင်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းအပိုင်း(၁)ဧရိယာတွင်မြေပြင်ညှိနှိုင်းခြင်းလုပ်ငန်းများပြီးစီးသည်နှင့်ကြယ်သုံးပွင့်အဆင့်ရှိဟိုတယ်၆လုံးအပါအဝင်လျာထားသည့်တည်ဆောက်ရေးလုပ်ငန်းများကိုအမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပြီးပျံကျဈေးသည်များအတွက်လည်းဆိုင်ခန်းများအခမဲ့စီစဉ်ပေးသွားမည်ဖြစ်ကာစီမံကိန်းဧရိယာတစ်ခုလုံး၏၇၀ရာခိုင်နှုန်းတွင်သာအဆောက်အအုံများပါဝင်မည်ဖြစ်ကြောင်း၊ကျန်ရှိသည့်၃၀ရာခိုင်နှုန်းအားစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများလုပ် ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

အပိုင်း(၄)ပိုင်းပါဝင်သည့်စီမံကိန်းတစ်ခုလုံးအကျယ်အဝန်းမှာဧက၂၀၀အထိရှိကာလက်ရှိဆောင်ရွက်နေသော ၄၀ ဒသမ ၂၇ဧကကိုမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဆောင်ရွက်ခွင့်ပြုထားခြင်းဖြစ်ကြောင်းတောင်သမန် သစ္စာကုမ္ပဏီလီမိတက်မှ သိရသည်။

Democracy

Laws and Regulations Read 78 times