ရန်ကုန်တိုင်းအတွင်း ကားပါကင်ပြဿနာ ဖြေရှင်းနိုင်ရန် ကားပါကင်အား Smart Parking ဖြင့်တည်ဆောက်နိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန်မှ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းသိရသည်။
စမ်းချောင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်မှ စမ်းချောင်းမြို့နယ်အတွင်းရှိ လမ်းမကြီးပေါ်တွင်ယာဉ်ရပ်နားရန် နေရာဆောင်ရွက်ပေးခြင်းရှိ မရှိ၊ ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်၊မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီးမေးမြန်းခဲ့သည်။
မြို့တော်ဝန်မှ ယခုတွင် ကားပါကင်နေရာလည်း ရှားပါးသည့်အတွက် ကြောင့်ကားပါကင် အား Smart Parking လုပ်ရန် အစီအစဉ်ရှိပြီးကားပါကင် နှင့် ပတ်သက်ပြီးဆွေးနွေး ထားကြောင်း သိရသည်။
ဆွေးနွေးပြီးသွားလျှင် လွှတ်တော်အား တင်ပြမည်ဖြစ်သည်။ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် စည်ပင်သာယာ တို့ပူးပေါင်းပြီး ကားပါကင်အား Horizontal area တိုင်းမသွားပဲ Vertical Extension area နှင့်
ကားထားရန် ရှိကြောင်း သိရသည်။Vertical Extension area နှင့် ကားတင် ကားချသည် အမြင့်ပေ ၂ဝနှင့် ကားရှစ်စီး လောက်သာ ထားနိုင်သည့် ဧရိယာမျိုးနှင့် အထပ်လိုက်ထားမည်ဖြစ်ပြီး သို့သော်
ပြန်စဉ်းစားလိုက်သည့် အခါ လျှပ်စစ်ကဏ္ဍမှာ လျှပ်စစ်မရလျှင် Manual System နှင့် တင်ချလုပ်ရန် တချို့စက်များ လုပ်၍ ရသည်ဆိုတာနဲ့ ထို အရာကို စဉ်းစားမည်ဖြစ်ကြောင်း သိရသည်။
အဆင်ပြေသည် ဆိုလျှင် ရန်ကုန်တိုင်း အစိုးရအား တင်ပြပြီး လွှတ်တော်မှ အဆုံးအဖြတ်ယူပြီးလျှင် တင်ဒါခေါ်ယူရန်ဆောင်ရွက်နေကြောင်း သိရသည်။
ကျောက်တံတားမြို့နယ် မဲဆန္ဒ နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် မှ ရန်ကုန်မြို့တွင်း လူနေထူထပ်သော မြို့နယ်များတွင် ကားပါကင်များ သတ်မှတ်ပြီး စနစ်တကျ ပါကင်ကြေးကောက်မည့် အစီအစဉ်ကို မည်သည့် အချိန်တွင် စတင် အကောင်အထည်ဖော်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
ထိုအချက်နှင့် ပတ်သက်ပြီး ဘတ်ဂျက် အကုန်မခံနိုင်သည့်အတွက် ကြောင့် PPP System နှင့် သွားမည်။ ကားများအား Smart Parking ပုံစံမျိုး Horizontal,Vertical Extension နှင့် သွားမည် ဖြစ်သည်။
ပုဂ္ဂလိက ပေးပြီး နိုင်ငံတော် အတွက်လည်း ဝင်ငွေရမည်။ဘတ်ဂျက်လည်း သက်သာမည်ဖြစ်သည်။ဘတ်ဂျက်သုံးပြိး လုပ်မည်ဆိုလျှင် ယခင်ပုံစံမျိုး ပြန်ဖြစ်မည်ဆိုသည့်အတွက် စနစ်တကျ လုပ်မည်။
ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား simple အနေနှင့် ပေးပြီး လုပ်ခိုင်းထားသည်။ထို အပေါ်မူတည်ပြီး ကုန်ကျ စရိတ်ပြန်တွက် ရမည်ဖြစ်ကြောင်း သိရသည်။
ယခင် ကားပါကင်များအား စနစ်တကျ ကောက်ခံသော်လည်း ယင်းစနစ်သည် စနစ်မကျခဲ့ကြောင်း လမ်းအလိုက် ပြီးစလွယ် ကန်ထရိုက်သဘော စည်ပင်မှ ပေးခဲ့သောကြောင့် နောက်ပိုင်းတွင်
ကားပါကင်ကြေးအား ဖျက်ပစ်လိုက်ကြောင်း၊ယင်း ကိစ္စသည် လက်ရှိ အစိုးရလက်ထက်တွင် မဟုတ်ဘဲ အစိုးရ အကူးအပြောင်းကြားတွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ဝန်မှ ပြောကြားခဲ့ကြောင်း သိရသည်။
Source:Daily Eleven