နိုင်ငံတကာအဆင့်မီ Spring Line Business Hotel & Urban Complex Center ဖွင့်လှစ်


24 November, 2020

နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာနှင့် ဟိုတယ် တွဲထားသည့် Spring Line Business Hotel & Urban Complex Center ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဇေယျတံတားအနီးတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ယခုဖွင့်လှစ်ခဲ့သည့် Spring Line Project စီမံကိန်းတွင် ဧရိယာစတုရန်းပေ ၈ဝဝဝကျော် ရှိကာ ရွှေအုတ်ခဲကုမ္ပဏီမှ တရုတ်ယွမ်ငွေ သိန်းငါးထောင် ရင်းနှီးမြှုပ်နှံထားပြီး

ရင်းနှီးမြှုပ်နှံတည်ဆောက်မှုကို စင်ကာပူနိုင်ငံ KTP မှ ၂၄ထပ်အဆောက်အအုံလေးလုံး၊၁၇ထပ်အဆောက်အအုံတစ်လုံးတို့အား ဒီဇိုင်းရေးဆွဲဆောက်လုပ်ထားခြင်းဖြစ်သည်။

ယင်းစီမံကိန်းတွင် စားသောက်ဆိုင်၊ရေကူးကန်၊Gym၊ဈေးဝယ်စင်တာ၊ကားပါကင်၊အဆင့်မြင့်ဟိုတယ်နှင့် အိမ်ရာများပါဝင်ပြီး ကွန်ဒိုအခန်းပေါင်း ၃ဝဝကျော် ပါဝင်ကြောင်းသိရသည်။

အိမ်ရာအခန်းများကို သုံးနှစ်အရစ်ကျ စနစ်နှင့် အတိုးမဲ့ရောင်းချပေးသွားမည်ဖြစ်ပြီး ၉ဝရာခိုင်နှုန်း တည်ဆောက်မှုပြီးစီးသွားပြီ။အရောင်းဈေးနှုန်းမှာ တစ်စတုရန်းပေကို အမေရိကန်ဒေါ်လာ ၁၈ဝ မှ ၂၄၆ ဒေါ်လာအထိရှိပြီး

အငှားဈေးနှုန်းမှာ တစ်စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာနှုန်း ရှိသည်။

Spring Line Project၏ ဟိုတယ်နှင့် ဈေးဝယ်စင်တာကို တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီးရောင်းချငှားရမ်းမည့် ကွန်ဒို အခန်းများအား ယခုနှစ် စက်တင်ဘာလတွင် အခန်းသော့အပ်နှံမည်ဖြစ်ကြောင်းသိရသည်။

Residential Read 82 times