ဆူးလေရှန်ဂရီလာကို တည်ဆောက်ခဲ့သူ ဖြစ်ပြီး မလေးရှားမှာ မွေးဖွားတဲ့ ဘီလျံနာ ရော်ဘတ်ကွတ် Robert Kuok ဟာ မလေးရှားရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ယခုနှစ် Forbes Billionaires စာရင်းမှာလည်း ပါဝင်တယ်။
သူက Shangri-La Hotels & Resorts အင်ပါယာ ဒီရေမြင့်တက်ဖို့ နှစ်မြှုပ်လုပ်ကိုင်လျက် ရှိပါတယ်။
ယခု အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ကွပ်ဟာ ကုန်သည်တစ်ဦးကနေ ဇိမ်ခံဟိုတယ်လောကထဲ ဝင်ရောက်လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ရှန်ဂရီလာ အင်ပါယာရဲ့အစက စင်ကာပူ သြချပ်လမ်းမှာ ရင်းနှီးမြှုပ်နှံခဲ့တာက စတင်ခဲ့ပါတယ်လို့
သူ့ရဲ့ ဘဝတစ်သက်တာ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
သူက ရန်ကုန်မှာ ဟိုတယ်ဆောက်ခဲ့စဉ်က အကြောင်းကိုလည်း အမှန်အတိုင်း မချွင်းမချန် ပြောပြခဲ့တယ်။
ရှန်ဂရီလာ ဟိုတယ်စီမံကိန်းများ အကုန်လုံး ချောချောမွေ့မွေ့လို့ ယုံအောင် ပြောမိလျှင် လိမ်လည်လှည့်ဖျားရာ ရောက်မယ်။
ပထမဆုံးဖြစ်သည့် ဘန်ကောက်မှာ တည်ဆောက်ခဲ့တာ အဆင်ပြေပြေအဖြစ်နဲ့ အပြီးသတ်ခဲ့တယ်။ ဒုတိယဖြစ်တဲ့ တိုကျိုမှာ တည်ဆောက်တာ ဘာမှ အကောင်အထည် မပေါ်လာခဲ့ပေ။
တတိယဖြစ်တဲ့ ဆိုးလ်မှာတော့ စိတ်ပျက်စရာအဖြစ် အဆုံးသတ်ခဲ့တယ်။ စတုတ္ထဖြစ်တဲ့ ရန်ကုန်မှာ ကျတော့ အချိန်စောင့်ဖို့ လိုအပ်ခဲ့တယ်။
၁၉၉၃ ခုနှစ်မှာ သူ့၏ ဒုတိယသား အမ်က Kuok Singapore မှ အခြားသူတွေနဲ့အတူ စင်ကာပူအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့မှာ လိုက်ပါခဲ့ပြီး မြန်မာပြည်ကို ရောက်ရှိခဲ့သည်။
ဆန်ကုန်သည် လုပ်ခဲ့သည့် ရော်ဘတ်ကွတ် သည် ဆန်အတွက် မြန်မာပြည်ကို သိထားသည်။ ၁၉၆ဝ ခုနှစ် ဝန်းကျင်ခန့်က နောက်ဆုံးတစ်ခေါက်ရောက်ခဲ့ခြင်းဖြစ်သည်။
နောက်တစ်နှစ်တွင် ရန်ကုန်သို့ လူများများ စေလွှတ်ပြီး ပြည်တွင်း စီးပွားရေးသမားတွေနဲ့ ကောင်းမွန်တဲ့ ဆက်နွှယ်မှုတွေ ထူထောင်ခဲ့တယ်။ သူတို့က ရန်ကုန်မြို့လယ်ပိုင်းမှာ မြေကွက်အချို့အတွက် ရင်းနှီးမြှုပ်နှံတာကို ကူညီပေးခဲ့ကြတယ်။
၁၉၉၄ ခုနှစ်မှာ ဟိုတယ်နဲ့ တိုက်ခန်းပါ အဆောက်အဦတစ်ခုကို တည်ဆောက်တယ်။ ၁၉၆၆ ခုနှစ်မှာ Traders Hotel ကို ဖွင့်လှစ်တယ်။ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၈ဝ ကုန်ကျတယ်။
Traders hotel ကို ၂၀၁၄ ခုနှစ်မှာ Sule Shangri-La လို့ အမည်ပြောင်းလိုက်သည်။ ယခု အခန်းငှားရမ်းမှုများ အားကောင်းနေသည်။ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်တက်နေသည်။
၂၀၁၃ ခုနှစ်မှာ အပြီးမသတ်ခဲ့တဲ့ တိုက်ခန်းပါအဆောက်အဦ နှစ်ခုကို အပြီးသတ်နိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တုန်းက စဆောက်ခဲ့ခြင်းဖြစ်သည်။
ယခု ဝန်ဆောင်မှုပေးသည့် အခန်း ၂၄၀ နဲ့ လုပ်ငန်းလည်ပတ်နေခြင်းဖြစ်သည်။ Sule Shangri-La ၏ဘေးမှာ ၂၃ ထပ်ပါတဲ့ ရုံးခန်းတာဝါတစ်ခုကို စဆောက်သည်။
အဲဒါအပြင် စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ Wilmar International ကနေတစ်ဆင့် တက်တက်ကြွကြွဖြင့် စူးစမ်းလေ့လာသည်။
Shangri-la Residences Yangon ကို ကန်တော်ကြီးအနီးမှာ တည်ဆောက်သည်။ ၂၁ ထပ်ပါ တာဝါအဆောက်အဦနှစ်ခုကို တိုက်ခန်းပေါင်း ၁၂ဝ စီ ဖြင့် ဖွဲ့စည်းထားသည်။
ပတ်ပတ်လည်မှာ ၁၅ ဧက ဥယျာဉ်ပါရှိပြီး အပန်းဖြေစရာတွေလည်း ထည့်သွင်းတည်ဆောက်ထားတယ်။ gym ၊ ရေကူးကန်၊ တင်းနစ်ကွင်း၊ mini mart တို့ ပါဝင်သည်ဖြစ်သည်။
ထိုအဆောက်အဦများ ကို ၁၉၉ဝ ပြည့်နှစ်ဝန်းကျင်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ယခုချိန်မှ သာ အပြီးအစီး တည်ဆောက်လိုက်ခြင်းဖြစ်သည်။