မြန်မာ-အိန္ဒိယ-ထိုင်းသုံးနိုင်ငံဆက်သွယ်ဖောက်လုပ်မည့်လမ်းမကြီးစီမံကိန်းသည် မြန်မာနိုင်ငံတွင် မြေယာရယူရေးကိစ္စများကြောင့် အခက်အခဲဖြစ်နေသည်ဟု အိန္ဒိယ Business Standard သတင်းဌာနက ဖော်ပြသည်။
ကီလိုမီတာ ၂,၄ဝဝ ရှည်လျားသည့် လမ်းမကြီးသည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မိုရေးမြို့မှ ထိုင်းနိုင်ငံမဲဆောက်မြို့ကို ဆက်သွယ်မည်ဖြစ်ကာ ဘတ်ဂျက် အိန္ဒိယ ရူပီး ၁၁ ဒသမ ၇၇ ဘီလီယံလျာထားသော စီမံကိန်းဖြစ်သည်။
ယင်းလမ်းမကြီးဖောက်လုပ်ရေးအိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက တာဝန်ယူမည်ဖြစ်ပြီး အိန္ဒိယအမျိုးသား အဝေးပြေးလမ်းမအာဏာပိုင်အဖွဲ့(NHAI)မှ အကောင်အထည်ဖော်နေသည်။
ထိုလမ်းမကြီးပြီးစီးပါက အရှေ့တောင်အာရှနိုင်ငံများဆီသို့ အိန္ဒိယနိုင်ငံ၏ ဂိတ်ပေါက်ဖြစ်လာမည်ဖြစ်သည်။
ပထမအဆင့်မှာယာကြီး-ကလေးဝနှစ်လမ်းသွားလမ်းမအပိုင်းအဆင့်မြှင့်တင်ရေးဖြစ်သည်။ပထမကီလိုမီတာ ၁၆ဝ အပိုင်းကို မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမကြီးဟု ခေါ်ဝေါ်မည်ဖြစ်သည်။
"မြန်မာနိုင်ငံဘက်မှာ တခြားပိုကြီးမားသော နိုင်ငံရေးကိစ္စများကိုင်တွယ်စရာရှိသောကြောင့်ထိုစီမံကိန်းကို ဖြည်းဖြည်းပဲလုပ်ဆောင်နေပါတယ်။စီမံကိန်းကသူတို့ရဲ့ ဦးစားပေးစာရင်းမဟုတ်ဘူး"
ဟု အရာရှိတစ်ဦးမှ ပြောသည်။
Recommend for you-"ပလက်ဝမှ အိန္ဒိယနိုင်ငံမီဇိုရမ် ကားလမ်းစီမံကိန်း"
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသည်နယ်စပ်ဖြတ်ကျော်ရေးသဘောတူညီချက်ကိုစတင်အကောင်အထည်ဖော်နေပြီဖြစ်ကာ နှစ်ဖက်နိုင်ငံသားများအထူးခွင့်ပြုချက်မလိုဘဲ တစ်ဖက်နှင့်တစ်ဖက် ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်သည်။
လမ်းတည်ဆောက်ရေးစီမံကိန်းတွင်ယာကြီး-ကလေးဝ ၁၂ဝ ကီလိုမီတာလမ်းပိုင်းသည် ခက်ခဲသောမြေမျက်နှာပြင်နှင့် တံတားအများအပြားဆောက်လုပ်ရမှုများပါဝင်သည်။
ယင်းလမ်းတစ်လျှောက်ဘတ်စ်ကားရပ်နားစရာနေရာ ၂ဝ၊ခရီးသည်နားခိုစရာတစ်ခုနှင့် ခရီးသွားများအတွက်ခေတ္တအနားယူနိုင်မည့်နေရာများပါဝင်သည်။
တံတားအချို့သည်အိုဟောင်းနေ၍ အသစ်ပြန်လည်တည်ဆောက်ရမည်ဟုလည်း အရာရှိကြီးကဆက်လက်ပြောကြားခဲ့သည်။