ရေငံ-ဂွေးကုန်းတံတားသည် မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်အတွင်းရှိ ရေငံကျေးရွာအနီးတွင် ဆောက်လုပ်ခြင်းဖြစ်သည်။
ယင်းတံတားကို ယခုနှစ်ဖေဖော်ဝါရီလဆန်းတွင် စတင်ဆောက်လုပ်ခဲ့ရာ ဇူလိုင်လအတွင်းမှ ပြီးစီးခဲ့ကြောင်း သိရသည်။
လာမည့်နိုဝင်ဘာလ ၆ရက်တွင်ဖွင့်ပွဲပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲပြုလုပ်ရန်၁၅ရက်အလိုတွင် တံတား၏အလယ်တိုင် တစ်ပေခွဲခန့်နိမ့်ကျသွားသဖြင့် ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းတံတားသည် အလျား(အရှည်)ပေ ၁၄ဝ၊အကျယ် ပေ၂ဝ ရှိပြီး နတ်မောက်မြို့နယ်အတွင်းရှိ လေးအိမ်-ဂွေးကုန်း-ရေငံ-ဝံအူ-ရွှေကွေ့မြေသားလမ်းပိုင်းပေါ်တွင် တည်ရှိကာနတ်မောက်-ပျော်ဘွယ်ကားလမ်းမကြီးနှင့် ချိတ်ဆက်ထားေကြောင်း ဒေသခံများထံမှ သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေစီးမပြတ်ဘဲ ရေလယ်တိုင်ကျွံကျတံတားအလယ်တစ်ပေခွဲခန့်နိမ့်ကျသွား သဖြင့် တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီတာဝန်ရှိသူများ လာရောက်စစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ဂျပန်သံရုံး၏ဆက်သွယ်ပေးမှုအရ ဂျပန်အစိုးရနှင့် ပြည်သူတို့၏ထောက်ပံ့ငွေဖြင့် ရေငံတံတားကို တည်ဆောက်ခြင်း ဖြစ်သည်။ ရေငံတံတားကို အမေရိကန်ဒေါ်လာ ၁၁၅,ဝဝဝဖြင့် ဆောက်လုပ်ခြင်းဖြစ်သည်။
သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းလည်း ဖြစ်သည့် အတွက် အသေးစိတ်မသိရကြောင်း နတ်မောက်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အောက်ခံမြေသား၏ခံနိုင်ဝန်ကို ကောင်းစွာ စစ်ဆေးသင့်ပြီး ချောင်းသဲပြင်ကို တူးဆွသည့်အခါ အမာခံမြေလွှာအထိရောက်အောင် တူးဖော်၍အချိန်ပေးလုပ်ဆောင်သင့်ကြောင်း၊ကြိုတင်ပြင်ဆင်မှုနည်းသဖြင့် ယင်းကဲ့သို့တွေ့ကြုံရခြင်းဖြစ်ကြောင်း နတ်မောက်မြို့မှ တည်ဆောက်ရေးလုပ်ငန်းကျွမ်းကျင်သူ အချို့မှ သုံးသပ်သည်။
ယင်းကဲ့သို့နိမ့်ကျသွားခြင်းကြောင့် တံတား၏နေရာအချို့တွင် လည်း အက်ကြောင်းများပေါ်နေပြီး ပြုပြင်ဆောင်ရွက်မှုများ ပြီးစီးမှ သာဖွင့်ပွဲအခမ်းအနားဆောင်ရွက်သင့်ကြောင်း တံတားတည်ဆောက်ရေးပါဝင် အကျိုးဆောင်ပေးနေသူ မှ ပြောကြားခဲ့ကြောင်း သိရသည်။
Source:Social