၂ဝ၁၈ နှစ်ဆန်းပိုင်းတွင် စတင် တည်ဆောက်မည့် ရန်ကုန်-ဒလတံတား စီမံကိန်းအတွက် တင်ဒါ ခေါ်ယူရန် အစီအစဉ်ရှိ


12 November, 2020

ရန်ကုန်-ဒလတံတား တည်ဆောက်ချိန် ၃၉လ ကြာမြင့်မည့် ရန်ကုန်-ဒလ တံတားစီမံကိန်းကို လာမည့် ၂ဝ၁၈နှစ်ဆန်းပိုင်းတွင် စတင်မည်ဖြစ်ကြောင်း၊ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊တံတားဦးစီး ဌာန၏တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး ကုမ္ပဏီ တင်ဒါရွေးချယ်ခြင်း ကို ၂ဝ၁၇ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ပြုလုပ်ရန်စီစဉ်ထားပြီး ၂ဝ၂၁ခုနှစ်တွင် ပြီးစီးရန်တည်ဆောက်ရမည်ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရန် လုပ်ငန်းပိုင်းလိုက် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်-ဒလ တည်ဆောက်ရာတွင် ကန့်ကွက်မှုများ ရှိနေသော်လည်း သတ်မှတ်ထားသည့်အတိုင်း ၂ဝ၁၈ခုနှစ် ဇန်နဝါရီလတွင် မူလရေးဆွဲထားသည့်ဒီဇိုင်းအတိုင်း ပြောင်းလဲခြင်း မရှိဘဲ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ဒလမြစ်ကူးတံတားကို လေးလမ်းသွားသံမဏိကြိုးဆိုင်း အမျိုးအစားတည်ဆောက်မည်ဖြစ်ပြီး တံတားမှာ အရှည်ပေ ၆၁၄၄ပေ ရှည်လျားမည်ဖြစ်ပြီး အမြင့်ပေ ၄၉မီတာ တည်ဆောက်ရန်စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ တံတားစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၆၈ဒသမ ၁၇၄သန်းခန့်ကုန်ကျမည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၏ ချေးငွေအမေရိကန်ဒေါ်လာ

၁၃၇ ဒသမ ၈၃၃သန်း နှင့် နိုင်ငံတော်အစိုးရမှ အမေရိကန်ဒေါ်လာ ၃ဝဒသမ၃၄၁သန်းဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။

တံတား စီမံကိန်း တည်ဆောက်စဉ်ကာလအတွင်း ပြည်သူများ သွားလာရလွယ်ကူစေရန် လမ်းဖောက်ရန်လိုအပ်ကြောင်း၊ထို့ကြောင့် လမ်းအတွက် လိုအပ်သည့် မြေနေရာကို

မြေရှင်များထံမှ စီမံကိန်းကြာမြင့်ချိန် မြေငှားခအဖြစ်အိမ်ထောင်စု ၆၈စုကို ငွေကျပ် ၃၂၈ ဒသမ ၃၇သိန်း၊ဆိုင်ခန်းများအတွက် လျော်ကြေးငွေ ကျပ် ၅၈၈ သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။

Pyi Myanmar & Myawaddy

Infrastructure and Zones Read 44 times