မင်္ဂလာဒုံမြို့နယ်အတွင်း ဧက ၅ဝဝပေါ်၌ TODမြို့သစ်စီမံကိန်းတစ်ခုဖော်ဆောင်မည်


20 November, 2019

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မြေဧက၅ဝဝပေါ်တွင် Transit Oriented Development (TOD)မြို့သစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်နေကြောင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

Transit Oriented Development (TOD)မြို့သစ်စီမံကိန်းတွင် အဆင်မြင့်လူနေအိမ်ရာများ ၊စီးပွားရေး လုပ်ကိုင်သည့်နေရာများ၊အများပြည်သူသယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် အပန်းဖြေနေရာများ ပါဝင်သည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်ဆောင်ရွက်သွား မည်ဖြစ်သည်။

“ တိုင်းအစိုးရရဲ့စီမံချက်နဲကလုပ်ဆောင်သွားမှာပါ။စက်မှုဇုန်တိုးချဲ့မယ့် အစီစဉ်တွေပါမယ်။ဒါပေမယ့် လက်တွေ့မှာ ကျွန်တော်တို့ အကောင်အထည်ဖော်မယ့် နေရာမှာ လယ်သမားတွေရှိနေတယ်။အဲ့ဒီ့လယ်သမား တွေကို မရှင်းနိင်သေးတော့ စီမံကိန်းကစလို့မရသေးဖြစ်နေ တယ်”ဟု အကြီးတန်းအရာရှိကဆိုသည်။

TODမြို့သစ်စီမံကိန်းနှင့် စက်မှုဇုန်နှစ်ခုပေါင် မြေဧက ၇ဝဝခန့်ရှိမည်ဖြစ်ပြီး ထိုမြေများအနက်မှ ဧက၉၀ ခန့်ကို မူလပိုင်ရှင်များဖြစ်သည့် လယ်သမားများထံ ယခင်အစိုးရ လက်ထက်က ပြန်လည်ပေးအပ်ထားပြီး ယင်းမြေဏက ၉ဝသည် ပြန့်ကျဲနေခြင်းကြောင့် ယင်းမြေဧကများကို စုပေါင်းကာ Agro Farmingအဖြစ် မာစတာပလန်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်။

Local Read 58 times