ဆိုးရွားစွာပျက်စီးနေသည့် ရန်ကုန်-ပုသိမ်လမ်းမကြီးအားအရေးပေါ်ပြုပြင်ခြင်း


06 December, 2020

ဆိုးရွားစွာပျက်စီးနေသည့် ရန်ကုန်-ပုသိမ်လမ်းမကြီးအား BOT ကုမ္ပဏီထံမှ လမ်းဦးစီးဌာနက ပြန်လည်လွှဲပြောင်းယူပြီးနောက် လမ်းပိုင်းအရေးပေါ်ပြုပြင်ခြင်းများကို စတင်ဆောင်ရွက်နေပြီးလာမည့် ဘဏ္ဍာနှစ်တွင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

          ရန်ကုန်-ပုသိမ်လမ်းမကြီးမှာ Oriental Highway ကုမ္ပဏီထံBOT စနစ်ဖြင့်အငှားချထားချိန်တွင် လမ်းမကြီးတစ်လျှောက်ဆိုးရွားစွာပျက်စီးမှုများကြုံတွေ့ခဲ့ရကြောင်း၊ယင်းလမ်းပိုင်းအားပြန်လည်ပြင်ဆင်ရန်နှင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ က ADB ချေးငွေဖြင့် ပြင်ဆင်ရန်ပြင်ဆင်ခဲ့ရကြောင်း၊ADB ချေးငွေဖြင့် ပြင်ဆင်နိုင်ရန် လုပ်ဆောင်နေစဉ်အတွင်း BOT ကုမ္ပဏီထံမှ လမ်းပိုင်းတာဝန်ယူကြီးကြပ်ပြင်ဆင်ခြင်းအား လမ်းဦးစီးဌာနမှ ယာယီလွဲှပြောင်းရယူထားမည်ဖြစ်ကြောင်းလမ်းပိုင်းပြင်ဆင်နေချိန်အတွင်း လမ်းကြေးကောက်ခံခြင်းကို ယာယီရပ်ဆိုင်း ထားပြီး တံတားကြေးများကိုသာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ပျက်စီးနေသည့် လမ်းပိုင်းများကိုလည်း ရန်ကုန်တိုင်းဒေသကြီးတွင် လမ်းဦးစီးဌာနအထူးအဖွဲ့ငါးဖွဲ့မှ တာဝန်ယူပြင်ဆင်သွားမည်ဖြစ်ကြောင်း ယခုစက်တင်ဘာလကုန်အထိ လမ်းပိုင်းတစ်လျှောက် ဆိုးရွားစွာပျက်စီးနေသည့်နေရာများအား ယာယီပြင်ဆင်မှုများကိုဆောင်ရွက်နေပြီး လာမည့်ဘဏ္ဍာရေးနှစ်အစမှ စတင်ကာ လမ်းပိုင်းအဆင့်မြှင့်တင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

           စက်တင်ဘာလကုန်အထိအရေးပေါ်ဆောင်ရွက်သည့်အခါမှာတော့ ချိုင့်ခွက်ကြီး တွေကိုပြေသွားအောင်လုပ်တဲ့အပိုင်းတွေ ရှိသည်။ရေဆင်းကောင်းရန်အတွက်ဘေးမြောင်းတွေအတွက်ပေါ့နော်။ဘေးမြောင်းတူးတာတွေရှိသည်။လမ်းဘေးဝဲယာလမ်းပုခုံးတွေကို ခြုံရှင်းတဲ့ လုပ်ငန်းတွေ ရှိမယ်။လမ်းဘေးတွင် ရှိသည့်သစ်ပင်များအကိုင်းအခက်များကို ခုတ်ပြီး အလင်းဖွင့်တာတွေရှိသည်။ထိုလုပ်ငန်းများကို လကုန်ထိ အဖွဲ့ခွဲကာဆောင်ရွက်နေသည်။

           ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအား လက်ရှိအချိန်တွင် BOT ကုမ္ပဏီထံမှ ယာယီပြန်လည်လွဲှပြောင်းရယူခဲ့သော်လည်း လမ်းပိုင်းပြင်ဆင်ပြီးချိန်တွင် အဆိုပါ BOT ကုမ္ပဏီထံပြန်လည်လွှဲပြောင်းပေးအပ်မည် မပေးအပ်မည်ကို အစိုးရမှ တိကျစွာသတင်းထုတ်ပြန်ခဲ့ခြင်းမရှိကြောင်းသိရသည်။

Region Read 45 times