စီမံကိန်းပြီးစီးရန်တစ်နှစ်ကျော်ကျန်ရှိနေသည့်သီလဝါအထူးစီးပွားရေးဇုန်zoneB၏ပထမအဆင့်တွင်နိုင်ငံတကာမှကုမ္ပဏီငါးခုလာရောက်ရင်းနှီးမြုပ်နှံထားပြီးဖြစ်ကြောင်း မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်(MJTD)မှပြောကြားကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်zoneB၏ပထမအဆင့်၁၀၀ဟက်တာစီမံကိန်းအား၂၀၁၇ခုနှစ်ဖေဖော်ဝါရီတွင်စတင်ခဲ့ခြင်းဖြစ်ပြီးလာမည့်၂၀၁၈ခုနှစ်နှစ်ဆန်းပိုင်းတွင်
စီမံကိန်းလုပ်ငန်းများပြီးစီးရန်ဆောင်ရွက်နေပြီးယခုတွင်စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကိုလုပ်ကိုင်နေဆဲဖြစ်ကြောင်းသိရသည်။
Zone Bအားစတင်နေပေမဲ့zoneAတွင်လည်းကုမ္ပဏီများအားရောင်းချနိုင်မည့်မြေနေရာများကျန်နေသေး ကြောင်းသိရသည်။
ယခုZoneAတွင်နိုင်ငံတကာကုမ္ပဏီ၇၉ခု၊ZoneBတွင်နိုင်ငံတကာကုမ္ပဏီငါးခု စုစုပေါင်းကုမ္ပဏီ၈၄ခုလာရောက်ရင်းနှီမြုပ်နှံထားကြောင်းသိရသည်။
သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းအား၂၀၁၂ခုနှစ်တွင်မြန်မာ-ဂျပန်နှစ်နိုင်ငံအစိုးရလက်မှတ်ရေးထိုးဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး၂၀၁၃ခုနှစ်တွင်မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်(MJTD)အားမြန်မာနိုင်ငံမှ ၅၁ရာခိုင်နှုန်း၊ဂျပန်နိုင်ငံဘက်မှ၄၉ရာခိုင်နှုန်းပါဝင်ခဲ့ပြီးစတင်တည်ထောင်ခဲ့ကြောင်းသိရသည်။
ယင်းမြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်တွင်မြန်မာဘက်မှမြန်မာအစိုးရ၊မြန်မာကုမ္ပဏီကိုးခုနှင့်တစ်ဦး ချင်းအစုရှယ်ယာရှင်များပါဝင်ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။
ဂျပန်နိုင်ငံဘက်မှ၄၉ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမှုတွင်JICAမှ၁၀ရာခိုင်နှုန်း၊ဂျပန်ကုမ္ပဏီများဖြစ်သောMitsubishi, Marubeni,Sumitomo Corporationနှင့်ဂျပန်နိုင်ငံမှဘဏ်သုံးခုတို့မှပူးပေါင်းပါဝင်ထားခြင်းဖြစ်ကြောင်းသိရ သည်။
သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းလုပ်ငန်းတွင်ဂျပန်နိုင်ငံသည်မြန်မာနိုင်ငံအားချေးငွေ၊ထောက်ပံ့ငွေနှင့်နည်း ပညာပူးပေါင်းမှုစသည့်အထောက်အပံ့သုံးမျိုးလုံးပူးပေါင်းပါဝင်ကူညီပေးနေခြင်းဖြစ်ကြောင်းသိရသည်။
သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင်အဓိကကျသောလမ်းပိုင်းဖြစ်သည့်သန်လျင်တံတား အဆင်းမှသီလဝါအထူးစီးပွားရေးဇုန်ထိလေးလမ်းသွားလမ်းမသစ်ကြီးအားဂျပန်အိုဒီအေချေးငွေဒေါ်လာ ၄၁ဒသမ၅၆သန်း(ဂျပန်ယန်း၄ဒသမ၆ဘီလျံ)အသုံးပြုပြီယခုနှစ်အတွင်းစတင်တည်ဆောက်မည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)မှသိရသည်။
Daily Eleven