လမ်းနှင့် ရထားလမ်းအသွားအလမ်းအား ချိတ်ဆက်ရာတွင် မရှိမဖြစ် အရေးပါသည့် သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ တံတား ပင်ဖြစ်သည်။
ပထမဆုံးသော တံတားများမှာ သဘာဝအလျောက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ စမ်းချောင်းများပေါ်တွင် သစ်ပင်များလဲကျခြင်းကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပထမဆုံး လူတို့တည်ဆောက်ခဲ့သော တံတားများမှာ သစ်တုံးများ၊ သစ်သားပြားများနှင့် နောက်ဆုံးတွင် ကျောက်တုံးများဖြင့် အစွန်းနှစ်ခုကို ချိတ်ဆက်ထားပြီး ရိုးရှင်းသော ထောက်ကန်မှုနှင့် ကန့်လန့်ဖြတ်ယက်မ များကို
အစီအစဉ်တကျ ချထားခြင်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်းတည်ဆောက်ခဲ့သော တံတားအများစုမှာ လေးလံသော အလေးချိန်နှင့် ပြင်းထန်သောရေစီးအား၏ဒဏ်ကို မခံနိုင်ပေ။ ထိုသို့သော မပြည့်စုံမှုများကပင် ပိုမို၍ကောင်းမွန်သော တံတားများဖြစ်ပေါ်စေရေးအတွက် တွန်းအားပေးခဲ့သည်။
တံတားများသည် ကောင်းမွန်အောင် တည်ဆောက်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖြိုကျ ပျက်စီးနိုင်သည်။ အောက်ပါ အချက်အလက်များကြောင့် ပြိုကျ ပျက်စီးနိုင်သည်။
၁။ငလျင်
ငလျင်သည်တံတားများအပါအဝင်ဆောက်အဦးများ အားလုံးကိုပျက်စီးစေနိုင်ပါသည်။ငလျင်ကြီးများလှုပ်ခတ်လျှင် အဆောက်အဦးများပြိုကျခြင်းမရှိနိုင်သော်လည်းမကြာခဏ လှုပ်လျှင်တံတားများပြိုကျနိုင်ပါတယ်။အဆိုပါအကျိုးအပဲ့အပျက်အစီးများကို TV သတင်းများတွင်တွေ့ရှိရပြီး ဘေးအန္တရာယ်၏ အထင်ကရပုံရိပ်ဖြစ်လာသည်။
၁၉၈၉ခုနှစ် အောက်တိုဘာလတွင် ကယ်လီဖိုးနီးယားကမ်းရိုးတန်းမြို့ကြီးများဖြစ်သော Oakland နှင့် San Francisco တွင် Loma Prieta ငလျင်လှုပ်ခတ်ခဲ့သည်။အဆိုပါငလျင်သည်
အနီးနားရှိတောင်၏အမည်ဖြစ်သည်၊၆၃ဦးသေဆုံးခဲ့ပြီးကြီးမားသောဖြစ်စဉ်အနေဖြင့် တံတား၂စင်းပျက်စီးခဲ့သည်။San Francisco-Oakland Bay Bridge ပိုင်းတွင်လူတစ်ယောက်သေဆုံးခဲ့သည်။
ငလျင်လှုပ်ခတ်လျှင်တံတားပြိုကျမူများသည်အတော်ရှားပါးသည်။
2 . မီးကြောင့်တံတာပြိုကျတယ်ဆိုတာမရှိသလောက်ပါဘဲ ဒါပေမဲ့ ခေတ်ကာလ အလျောက်မီးဘေးအန္တရာယ်မှကင်းလွှတ်နိုင်ရန် တံတားကိုအနည်းငယ်နှိမ့်ချ၍တည်ဆောက်လာကြသည်။
တကယ်တော့သစ်သားတံတားတွေတည်ဆောက်တယ်ဆိုတာဟာ လွယ်လင့်တကူ မကြာခဏဖြတ်ပြစ်ဖို့တည်တောက်ထားတာလည်းဖြစ်ပါတယ်။အထူးသဖြင့် မီးရထားတံတားတွေမှာမီးလောင်မှုဖြစ်ပေါ်နိုင်ပါတယ်။
အဘယ်ကြောင့်ဆိုသောမီးရထားဘီးတွေမှထွက် ရှိသောမီးစက်လေ တွေက မီးလောင်ခြင်းကိုမကြာခဏ ဖြစ်ပေါ်နိုင်သည်။ခြောက်သွေ့သောလေ များသည် ထိုမီးစများကို အလွန် အားတိုးခြင်းဖြစ်စေသည်။
တံတာပေါ်တွင်မီးပစ်ချခြင်းဖြင့်တံတားကို လုံးဝ မီးမရှို့နိုင်ပါ။
တံတားတွေဟာ မီးနဲ့ပက်သက်တဲ့အရာဝတ္တုတွေနဲ့ဝေးကွာမဟုတ်ပါဘူး။သို့သော်လည်း မီးကြောင့်တံတားပြိုကျမရှိခဲ့ပေမယ် ပျက်ဆီးခြင်းများစွာ ဖြစ်ရပါတယ်။ပုံမှန်အားဖြစ် မီးလောင်ကျွမ်းနိုင်စေနိုင်သော်ဓာတ်ဆီလောင်စာ
များသယ်ယူဆောင်ခြင်းမှ တဆင့် မီးလောင်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ထို့ပြင် လေယာဉ်ပျက်ကျခြင်းသည် တံတားပျက်စီးခြင်းကို အစပျိုးလိုက်ခြင်းဖြစ်ပြီး တံတား တည်ဆောက်ထားသော သံမဏိ တွေကို ပါ အရေးပျော်စေနိုင်ပါသည်။နောက်ဆုံးမှာတော့ အဆိုပါမီးလောင်ခြင်းကြောင့် ပျော်ကျသွားသော သံမဏိတွေကြောင့် တံတားပြိုကျခြင်းကို ဖြစ်စေနိုင်ပါသည်။
ရေနံတင် သင်္ဘောI-75သည် 2009ခုနှစ်တွင် တံတားအောက်တွင် ထိခိုက်မှုဖြစ်ပြီး အမှန်တကယ် ဘာတွေဖြစ်ခဲ့ကျတာလဲ။I-75 သင်္ဘောသည် မီးတောက်မီးလျှံများဖြင့် တံတားကို များစွာထိခိုက်မှုဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကြီးတစ်ခုဖြစ်ခဲ့သည်။ထိ့ုပြင်အလွန့်အလွန်အံ့သြစရာကောင်းသည်မှာ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ခဲ့ခြင်းမရှိခဲ့ပေ။
၃။ရထားတိုက်မိခြင်း
တံတားပြိုကျမူသည်အလွန်ရှားပါးပါသည်။သို့သော်Eschede ရထား၏သဘာဝဘေးအန္တရာယ်သည်သမိုင်းတွင် တံတားပြိုကျမူရထားဘေးအန္တရာယ်၏တစ်ခုတည်းသောဖြစ်ရပ်ဖြစ်သည်။၁၉၉၈ခုနှစ်တွင်ဂျာမနီကိုဖြတ်၍အရှိန်ဖြင့်မောင်းနှင်လာသောရထားသည်ဘီးတစ်ခုသည်စက်ချို့ယွင်းမူဖြစ်ခဲ့သည်။အဆိုပါဘီးသည်ကျိုးသွားပြီးတစ်ခြားလမ်းပေါ်သို့ရောက်ရှိသွားခဲ့သည်။
တစ်နာရီကို ၁၂၄မိုင်(၂၀၀ကီလိုမီတာ)ဖြင့်မောင်းနှင်လာရာ လမ်းကြောင်းချော်သွားပြီးတံတား၏အကာများမှကျော်သွားခဲ့သည်။ကြီးမားသောဖြစ်ရပ်အနေဖြင့်တံတားအောက်သို့ကျသွားပြီးတံတားနှင့်တိုက်မိခဲ့သည်။ရလဒ်အနေဖြင့်ထိုမတော်တဆမူမှလူပေါင်း ၁၁၀ သေဆုံးခဲ့ကြသည်။၁၉၇၇ တွင် Australia,Sydney တွင်လည်းထိုကဲ့သို့လူ၈၃ယောက်သေဆုံးခဲ့သည်။
၄။သင်္ဘောဖြစ်ရပ်
တံတားအများစုသည်မြစ်နှင့်ရေရှိသောအခြားအစိတ်အပိုင်းများကိုဖြတ်ကူးထားသည်။သင်္ဘောများသည်များသောအားဖြင့်တံတားအောက်မှဖြတ်သန်းလျှင်
နှေးကွေးစွာဖြတ်သန်းကျသည်(ရထားနှင့်နှိုင်းယှဉ်လျှင်)သို့သော်မထင်မှတ်ထားသောအလေးချိန်များရှိသည်။ကုန်တင်သဘောၤများကိုဆိုလိုပြီး၎င်းတို့သည်ပုံမှန်အားဖြင့်နှေးကွေးစွာဖြတ်သန်းကျသော်လည်းတံတားများအားဝင်တိုက်မိနိုင်သည်။
ထိုအရှိန်သည်အချို့ကိစ္စများတွင်တံတားများပြိုလဲကျနိုင်သည်။
ဥပမာအားဖြင့်၁၉၉၃တွင်New OrleansရှိJudge William Seeber Bridge၏မတော်တဆပြိုကျမှုဖြစ်စဉ်ဖြစ်သည်။ထိုတံတားသည်တူးမြောင်းပေါ်မှကားများဖြတ်သန်းရန်ဖြစ်ပြီးတံတားအောက်မှကုန်တင်သင်္ဘောများဖြတ်သန်းသွားလာနိုင်သည်။
တံတား၏ ၁၅၀ပေ(၄၆မီတာ)သည်ပြိုကျပျက်စီးခဲ့သည်။ထိုမတော်တဆမှုတွင် ကားမောင်းနေသူတစ်ယောက်သေဆုံးခဲ့သည်။တံတာများစွာထဲမှအဓိကတံတားပြိုကျမှုသည်လွန်ခဲ့သောနှစ်၁၀၀ အတွင်းဖြစ်ပွားခဲ့သည်။
၅။ရေနှစ်မြုပ်ခြင်း
ရေနစ်မြုပ်ခြင်းသည်လည်းတံတားပြိုကျမှုဖြစ်ပွားသောအကြောင်းအရာတစ်ခုဖြစ်သည်။ပြင်းထန်သောရေကြီးမှုများသည် မြစ်ရေးများလျှံကျပြီး သစ်ပင်များကျိုးပဲ့ခြင်း၊ကားနှင့်အိမ်အစိတ်အပိုင်းပျက်စီးခြင်းများဖြစ်ပွားနိုင်သည်။မြစ်ရေသည်
တံတားအောက်မှဖြတ်သွားချိန်မြင့်တက်လာပြီးတံတာများကိုပျက်စီးစေနိုင်သည်။ချက်ချင်းပြိုကျနိုင်ခြင်းမရှိသော်လည်းစီးဆင်းနေသောရေအားနှင့်အတူတဖြည်းဖြည်းမျှောပါသွားနိုင်သည်။၁၈၈၉ Conemaugh Viaduct တွင်ဖြစ်ပွားခဲ့သော
South Fork Dam in Pennsylvania ကျိုးကျခဲ့ပြီး Little Conemaugh River တွင်ရေကြီးမူအကြီးအကျယ်ဖြစ်ခဲ့သည်။
ရေကြီးမှုနှင့်ဝေသောနေရာများတွင်လည်းတံတားပြိုကျမှုများဖြစ်ပွားနိုင်ပါသည်။တံတား၏တိုင်များသည်အနည်းတဝိုက်နှင့်အောက်မြေကြီးအပေါ်ယံတွင်တည်ဆောက်ထားသောကြောင့်ဖြစ်သည်။ဤဖြစ်စဉ်သည်
အင်ဂျင်နီယာများသိရှိသည့်အတိုင်းတိုက်စားမှုများဖြစ်ပေါ်လာသည်။တံတား၏ဖောင်ဒေးရှင်းသည်ရေအောက်တွင်ရောက်ရှိနေသောကြောင့်ဖြစ်သည်။ရေ၏သဘာဝအတိုင်းစီးဆင်းမှုသည်နှစ်ပေါင်းများစွာကြာလျှင်တိုက်စားမှုးများဖြစ်ပေါ်လာစေသည်၊
သို့သော်တိုက်စားမူဒဏ်ကိုကာကွယ်ရန်တည်ဆောက်ရန်လိုအပ်သည်။အင်ဂျင်နီယာများသည်ကျောက်တုံးကြီးများနှင့်တိုက်စားမှုမရှိစေရန်ကာထားရန်လိုအပ်သည်။
သို့သော်လည်းရေကြီးမှုသည်သိသိသာသာအားများလာလျှင်ရေတိုက်စားမူပမာဏများပြားလာလျှင်ချက်ချင်းသို့မဟုတ်ရက်အငယ်ကြာသော်လည်းကောင်းလအနည်းငယ်ကြာသော်လည်းကောင်း ကျိုးကျနိုင်သည်။အမေရိကန်နိုင်ငံ၏မြို့ပြအင်ဂျင်နီယာအဖွဲ့၏လေ့လာမှုအရတံတားအားလုံး၏ ၅၃%သည်ရေနစ်မြူပ်ခြင်းနှင့်တိုက်စားခြင်းတို့ကြောင့်ဖြစ်သည်။
ဥပမာအနေဖြင့် Schoharie Creek တံတားသည်ရေကြီးခြင်းနှင့်တိုက်စားခြင်းတို့ကြောင့်ကျိုးကျခဲ့သည်။ဤတံတားသည်ချောင်းကိုဖျက်၍ New York State Thruway ကိုဆက်သွယ်ထားသည်။၁၉၈၇ နွေရာသီတွင်မြင့်မားသောရေကြီးမှုဖြစ်ပွားခဲ့သည်။ဤတံတားကျိုးကျမှုကြောင့်လူ ၁၀ ယောက် သေဆုံးခဲ့သည်။
၆။ဆောက်လုပ်ရေးမတော်တဆမှု
တည်ဆောက်နေစဉ်အတွင်းပြိုကျသောအံသြစရာတံတားများရှိသည်။သင်တွေးကြည့်လျှင် ဤဖြစ်စဉ်သည်မည်သည်မျှအလေးအနက်မထားပေ အဘယ်ကြောင့်ဆိုသောကားမောင်းနေစဉ်ကျိုးကျမည်ကိုမည်သူမှတွေးမထားပေ။ကံမကောင်းစွာတံတားပြိုကျမှုသမိုင်းတွင်အသေအပျောက်အများဆုံးဖြစ်ခဲ့သည်။ပြိုကျချိန်တွင်အလုပ်လုပ်နေသောတံတားပေါ်တွင်မော်တော်ယှဉ်များရှိနေစဉ် ရာပေါင်းများစွာသောတံတားဆောက်လုပ်ရေးအလုပ်သမားသည်တံတားပြိုကျချိန်တွင်အန္တရာယ်အရှိဆုံးလူများဖြစ်ခဲ့သည်။
၁၉၀၇ Quebec မြို့ St.Lawrence မြစ်ကိုဖြတ်၍ဆောက်လုပ်ထားသော Quebec တံတားပြိုကျမှုတွင်အင်ဂျင်နီယာများ၏မှားယွင်းတွက်ချက်မှုသည်ဘေးအန္တရာယ်ဖြစ်စေရန်ညွှန်ပြနေပါသည်။အဆိုပါတံတားသည်တစ်စိတ်တစ်ပိုင်းသာဆောက်လုပ်ပြီးစီးသော်လည်းတံတား၏အလေးချိန်ကြောင့်ကွေးသွားခြင်းနှင့်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။
အင်ဂျီနီယာများသည်စိုးရိမ်ပူပန်ခဲ့ကြသော်လည်းအလျှင်အမြန်မဖြေရှင်းနိုင်ခဲ့ပေ။ထိုတံတားကြိုးကျချိန်တွင်အလုပ်သမား ၇၄ ယောက်သေဆုံးခဲ့သည်။တံတားကို ၁၉၆၁ ခုနှစ်တွင်ပြန်လည်တည်ဆောက်ခဲ့ပြီး
အံသြစရာကောင်းစွာပြန်လည်ပြိုကျခဲ့သည်၊နောက်ထပ်အလုပ်သမား ၁၃ ဦးသေဆုံးခဲ့သည်။၁၉၁၇တွင်ဆောက်လုပ်ပြီးစီးခဲ့ပြီးယနေ့တိုင်အသုံးပြုနေသည်။
၇။ကုန်ထုတ်လုပ်မှုချို့ယွင်းခြင်း
အချို့သောတံတားပြိုကျမှုများသည်ပထမအကြိမ်အဖြစ်အလွန်နက်နဲသောအရာ ဖြစ်သည်။၎င်းသည်အသေးစိတ်စုံစမ်းစစ်ဆဲမှုလုပ်စရာမလိုပဲဖြစ်စဉ်အမှန်တရားဟာပေါ်ပေါက်လာသည်။အပျက်အစီးများကိုပေါင်းစပ်ကြည့်၍ အင်ဂျင်နီယာများနှင့်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးအစိတ်အပိုင်းများနှင့်တံတား၏သမိုင်းကိုပေါင်းစပ်ပြီး၊တင်ပြလာသည့်စစ်ဆေးချက်များနှင့်သက်သေများကိုကြည့်၍သိနိုင်ပါသည်။တစ်ခါတစ်ရံ သေးငယ်ရိုးရှင်းသောတံတား၏အားနည်ချက်သည်တံတားတစ်ခုလုံးကိုပြိုကျစေသည်။တစ်ခါတစ်ရံ အရည်အသွေးသော၊မှားယွင်းသောပစ္စည်းများကိုအသုံးပြုခြင်းသည်တံတား၏ကြံ့ခိုင်မှုအားနည်းလာခဲ့သည်။
၁၉၆၇ တွင်Point Pleasant မှ Ohio River ကိုဖြတ်၍ဆောက်လုပ်ထားသော Silver Bridge တံတားပြိုကျခဲ့သည်။သံမဏိတိုင်များ၏ချို့ယွင်းမှုကြောင့််ဖြစ်သည်။လူပေါင်း ၄၆ ယောက်သေဆုံးပြီးအဆိုးရွားဆုံးနှစ်ဖြစ်ခဲ့သည်။
၁၉၉၄ ခုနှစ် ကိုရီးယားမှ Seongsu တံတားပြိုကျမှုသည်အရည်းအသွေးနိမ့်သောသံမဏိများနှင့်မကောင်းမွန်သောဂဟေနည်းစနစ်များကြောင့်ဖြစ်သည်။လူ၃၂ယောက်သေဆုံးခဲ့သည်။၂၀၀၆ တွင် Laval ၊ Quebec ၊ Canada ကိုဖြတ်ထားသော Da La Concorde သည်ပြိုကျခဲ့ပြီး လူ ၅ယောက်သေဆုံးခဲ့သည်။စုံစမ်းစစ်ဆေးမှုအရအဆိုပါတံတားပြိုကျမှုများသည်မှားယွင်းသောဒီဇိုင်းနှင့်အရည်အသွေးနိမ့်သောသံမဏိများနှင့်ကွန်ကရစ်များကြောင့်ဖြစ်သည်။
၈။ဒီဇိုင်းချို့ယွင်းခြင်း
တံတားများသည်ဆောက်လုပ်ပြီးမလွှဲမရှောင်နိုင်သောအကြောင်းများကြောင့််ပြိုကျခဲ့ရသည်။အဆိုပါအမှားများသည်တံတားတွင်မရှိသင့်သော ဒီဇိုင်းများကြောင့်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသမိုင်းတွင်အဆိုးရွားဆုံးမတော်တဆမှုတစ်ခုမှာ Kansas City Hyatt Regency hotel ရှိလျှောက်လမ်းပြိုကျမှုဖြစ်သည်။ထိုလျှောက်လမ်းသည်ဟိုတယ်ရှိအစိတ်အပိုင်းအများစုကိုဆက်သွယ်ထားပြီးထိုဟိုတယ်တွင်မရှိမဖြစ်လိုအပ်သောတံတားဖြစ်သည်။၁၉၈၁ ဇွန်လ ၁၇ ရက်တွင်ဟိုတယ်၏လေးလွှာမှပြိုကျခဲ့ပြီးဒုတိယထပ်ရှိလျှောက်လမ်းကိုတိုက်မိခဲ့ပြီးအောက်သို့ပြုတ်ကျခဲ့သည်။ထိုလျှောက်လမ်းနှစ်ခုလုံးသည်ခန်းမတွင်းသို့ပြုတ်ကျခဲ့သည်။ထိုလျှောက်လမ်းအားလုံးသည်ညနေခင်းကပွဲတွင်ပါဝင်သူများနှင့်ကြည့်ရူနေသူများအပေးသို့ပြုတ်ကျခဲ့သည်။လူပေါင်း၁၁၄ဦးသေဆုံးခဲ့သည်။
မူလအစီအစဉ်ကိုပြန်လည်ဒီဇိုင်းဆွဲ၍လျှောက်လမ်းတစ်ခုကိုဖန်တီးထားပြီးအဆုံးတွင်ဒုတိယထပ်နှင့်လေးလွှာ၏လျှောက်လမ်းနှစ်ခုလုံး၏ဖိအားကိုထောက်ပံ့ပေးထားရသည်။စုံစမ်းစစ်ဆေးမှုအရမူလဒီဇိုင်းသည်တစ်ခုချင်းစီ၏အလေးချိန်ကိုထောက်ပံ့ရန်အားနည်းသောကြောင့်ဒီဇိုင်းသစ်ပြန်လည်ရေးဆွဲခဲ့ရာပိုမိုဆိုးရွားခဲ့သည်။ဤသို့ပြိုကျခြင်းသည်သူတို့၏အဆိုးရွားဆုံးအခြေအနေဖြစ်ခဲ့သည်။
၉။ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်း
ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းသည်တံတားပြိုကျမှု၏ရှာဖွေရန်ခက်ခဲသောပြဿနာဖြစ်သည်။တံတားပြိုကျခြင်းအများစုသည်ကြည့်ရူစောင့်ရှောက်မှုအားနည်းခြင်းနှင့်ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းတို့ကြောင့်ဖြစ်သည်။တံတားဆောက်လုပ်ချိန်တွင်အင်ဂျင်နီယာများသည်တံတား၏သက်တမ်းကိုတွက်ချက်၍ပြန်လည်ပြုပြင်ရန်လိုအပ်သည်။ပျက်စီးနေသောအစိတ်အပိုင်းများကိုအစားထိုးရမည်ဖြစ်သည်။ရေနုတ်မြောင်းရှင်းလင်းခြင်း၊ဆေးသုတ်ခြင်းများပြုလုပ်ရမည်။
Mianus River ကိုဖြတ်၍ဆောက်လုပ်ထားသော Connecticut Turnpike တံတားသည် ၁၉၈၃ ဇွန်လ ညသန်းခေါင်တွင်ပြိုကျခဲ့သည်။အဆိုပါပြိုကျမှုသည်သံမဏိများပျက်စီးခြင်းကြောင့်ဖြစ်သည်။စုံစမ်းစစ်ဆေးမှုအရ တံတားဒီဇိုင်းနှင့်ဆောက်လုပ်ရေး များအမှားကြောင့်မဟုတ်ပေ၊ထိုသို့ပြိုကျပျက်စီးမှုသည်ပြန်လည်ပြုပြင်မှုပြုလုပ်ရာတွင်သံချေးတက်နေသောသံများကြောင့်ဖြစ်သည်။
၁၀။အိုမင်းပျက်စီးမှု
ပုံမှန်အားဖြင့် မည်သည့်အချက်များကြောင့် တံတားပြိုကျခြင်းဖြစ်သည့်အကြောင်းတရားများကို ကျွန်တော်တို့ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြသည်။ 1958 ခုနှစ်ကျူးဘာတွင် Grand Prix တွင်ကျင်းပသော ဒဏ္ဍာရီပြိုင်းကားသမား Juan Fangio သည်ပြိုင်ပွဲမတိုင်မှီအချိန်တွင် ဆိုရှယ်လစ်တော်လှန်ရေးသမားများ၏ ပြန်ပေးဆွဲခြင်းခံရခြင်းသည် တံတားပြိုကျခြင်းတက် အဆိုးဆုံး အရာတစ်ခုဖြစ်ခဲ့သည်။အဆိုပါပြိုင်ပွဲတွင် Juan Fangio သည် ပြိုင်ပွဲ ကျင်းပ နိုင်ခဲ့ခြင်းမရှိသည့်အတွက် ပရိတ်သတ်များ လမ်းတံတာ၏ဘေး ဘယ် ၊ ညာ လက်ကိုင်းတန်းများကို ဖျက်ပစ်ခြင်းများပြုလုပ်ခဲ့ကြသည်။ထိုဖျက်ဆီးမှုကြီးတွင် လူ ၇ ယောက် အထိ သေဆုံးခဲ့သည်။
Lacey V. Murrow သည် ဆီယက်တဲလ် အတွက် အောက်မေ့သတိရခြင်းဖြင့် တံတားကို ဝါရှန်တန်းရေကန် ဖြတ်၍ တည်ဆောက်ထားသည်။1990ခုနှစ် ၊ တံတားတည်ဆောက်ပြီးစချိန်တွင် မိုးသက်လေပြင်းများကြရောက် ပြီး ဆောက်လုပ်ရေးအမှားများကြောင့် တံတား၏မျက်နှာပြင်တစ်ခုလုံး ရေလိုင်းများနှင့်အတူ စီမျှောခဲ့သည်။နာရီပေါင်းများစွာ ကြာပြီးနောက် တံတားသည် ရေအောက်သို့ နှစ်မြုပ်ခဲ့သည်။
အဆိုပါ တံတာသည် Arkansas ပြည်နယ်တွင် အသွားအလာပြုလုပ်ခြင်းအတွက် ရပ်ဆိုင်းမှု တံတားတစ်ခုဖြစ်ခဲ့သည်။ထိုတံတားဟာ ခိုင်ခံမှု မရှိသောတံတားအဖြစ် လူသိများလာခဲ့ပေသည်။