ဆိုးလ်မြို့လယ်ပိုင်းမှာ မိုးပျံတံတားပါသည့် အထပ် ၁၀၀ မိုးထိတိုက်တာ ဆောက်လုပ်မည်


12 February, 2024

ဆိုးလ်မြို့လယ်ပိုင်းမှာ မိုးပျံတံတားပါသည့် အထပ် ၁၀၀ မိုးထိတိုက်တာ ဆောက်လုပ်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် အလယ်ပိုင်းရှိ ယွန်စံခရိုင်ကို နိုင်ငံတကာ စီးပွားရေးခရိုင်အဖြစ် ပြည်လည် အသက်သွင်းမည် ဖြစ်သည်။ ယွန်စံခရိုင်ရှိ ရထားဝင်း မြေကွက်လပ်တွင် အကောင်အထည်ဖော်မည့် ဖွံ့ဖြိုးရေးအစီအစဉ်တွင် အဓိကရအဆောက်အဦ ဖြစ်လာမည့် မိုးထိတိုက်တာ စီမံကိန်း ပါဝင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ပြီးစီးမည် ဖြစ်သည်။

 

စတုရန်းမီတာ ၅ သိန်း ကျယ်ဝန်းသော ရထားဝင်းဟောင်းအား နိုင်ငံတကာ စီးပွားရေး ခရိုင်အဖြစ် ပြောင်းလဲရန် မြို့တော်အစိုးရ၏ ပြန်လည်အသက်ဝင်လာသော အစီအစဉ်မှ မိုးထိတိုက်တာသည် အထပ် ၁၀၀ ရှိသည်။ ၄၅ ထပ်တွင် လူသွားစင်္ကြံ မိုးပျံတံတားတခုဖြင့် မိုးထိတိုက်တာ န‌ှစ်ခုကို ဆက်သွယ်ပေးထားမည် ဖြစ်သည်။ တံတားအရှည်မှာ ၁ ဒသမ ၁ ကီလိုမီတာ ရှိသည်။ 

 

ကမ္ဘာ့ စီးပွားရေးအကျပ်အတည်းကြောင့် ယခင် ဖွံ့ဖြိုးရေးစီမံကိန်းကို ဖျက်သိမ်းလိုက်ရပြီးနောက် ၎င်းမြေကွက်သည် ၁၀ နှစ်ကြာ မြေကွက်အလွတ် ဖြစ်နေခဲ့ပါသည်။

၎င်းမြေကွက်တွင် အစိုးရပိုင် မီးရထားအော်ပရေတာ KORAIL သည် မြေယာပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

 

ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် ဆိုးလ် ဖွံ့ဖြိုးတိုးတက်ရန် Seoul Vision 2030 အစီအစဉ်၏ ပထမအဆင့်ဖြစ်ပါသည်။

အဆင့်များအားလုံးပြီးသည်နှင့် ကမ္ဘာ့အကြီးဆုံး "ထောင်မတ်" မြို့ကြီးအဖြစ်သို့ ဆိုးလ်မြို့တော် ရောက်ရှိသွားမည်။ 

 

ဆောက်လုပ်ရေးကို လာမည့်နှစ် ဒုတိယနှစ်ဝက်တွင် စတင်ရန် စီစဉ်ထားသည်။ လုပ်ငန်းများသည် အစောဆုံးအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ဝင်ရောက်နေရာယူနိုင်မည်။

အထပ် ၁၀၀ မိုးထိတိုက်တာတွင် ငွေရေးကြေးရေးနှင့် ICT ကုမ္ပဏီများအတွက် ရုံးခန်းများ ပါဝင်သည်။ ဟိုတယ်လည်း ပါသည်။ MICE (Meetings, Incentives, Conferences and Exhibitions) အတွက်လည်း ခန်းမများ၊ အစည်းအဝေးခန်းများ အစရှိသည်တို့ ပါဝင်သည်။

အနိမ့်အထပ်များတွင် ပွဲကျင်းပရန် ခန်းမနှင့် စာကြည့်တိုက်တို့ ပါဝင်သည်။ 

ပညာရေးနှင့် ယဉ်ကျေးမှုတို့အတွက် ဇုန်များလည်း ပါဝင်သည်။

လူနေတိုက်ခန်းများလည်း ပါဝင်ပါသည်။ 

 

စီမံကိန်းအတွက် ဝမ် ၅၁.၁ ထရီလီယံ (ကန်ဒေါ်လာ ၃၈.၃ ဘီလီယံ) သုံးစွဲမည်။ 

Source koreatimes 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Mixed Use and Urban Read 343 times