စီးပွားရေးတစ်ရပ်ဖြစ်ပေါ်လာစေရန် ကဏ္ဍ ၁၂ရပ်ဖြင့်ရန်ကုန်မြို့သစ်ကို တည်ဆောက်မည်


06 December, 2020

  လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းများမှ တစ်ခုအပါအဝင်ဖြစ်သောရန်ကုန်မြို့သစ်စီမံကိန်းအတွက်ယှဉ်ပြိုင်နိုင်စွမ်းရှိ၍ မျှခြေရှိသည့် စီးပွားရေးတစ်ရပ်ဖြစ်ပေါ်လာစေရန် ကဏ္ဍ ၁၂ရပ်ဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

          အဆိုပါကဏ္ဍ၁၂ ရပ်ကို ကာလတို ကာလရှည်ခွဲထားပြီး ကာလတိုအတွင်းလုပ်သားအင်အားများစွာလိုအပ်သည့် ထုတ်လုပ်ရေးကဏ္ဍသုံးရပ်၊ကာလရှည်အားဖြင့်တန်ဖိုးကိုတည်ဆောက်မည့် ထုတ်လုပ်ရေးကဏ္ဍလေးရပ်နှင့် စက်မှုုလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နေထိုင်သူကိုဆွဲဆောင်နိုင်ရေးတို့အတွက် ပံ့ပိုးကူညီပေးနိုင်သည့် ကဏ္ဍငါးရပ်တို့ဖြစ်ကြောင်းသိရသည်။

          ကာလတိုအတွင်းလုပ်သားအင်အားများစွာလိုအပ်သည့် ထုတ်လုပ်ရေးကဏ္ဍသုံးရပ်တွင် အလုပ်အကိုင်များကို လျင်မြန်စွာထုတ်ဖော်ပေးနိုင်မည့် ကဏ္ဍဖြစ်သည်။ကာလရှည်အားဖြင့် တန်ဖိုးကိုတည်ဆောက်သည့် ထုတ်လုပ်ရေးကဏ္ဍလေးရပ်မှာ ပိုမိုကျွမ်းကျင်မှုရှိရမည့် အလုပ်အကိုင်တွေကို ဖော်ထုတ်ပေးမည်ဖြစ်ပါသည်။

           စက်မှုလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နေထိုင်သူကို ဆွဲဆောင်နိုင်ရေးပံ့ပိုးကူညီပေးနိုင်သည့် ကဏ္ဍငါးရက်ကတော့ ဥပမာအားဖြင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊လက်လီနှင့် လက်ကားရောင်းဝယ်ရေး၊ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေရောင်းဝယ်ရေး၊ထောက်ပံ့ပို့ဆောင်ရေးနှင့် ငွေကြေးလုပ်ငန်းများပဲဖြစ်သည် ဟု ရန်ကုန်မြို့သစ်စီမံကိန်း CEO မှ ပြောကြားသည်။

          အဆိုပါကဏ္ဍ ၁၂ ရပ်ဖြင့် ရန်ကုန်မြို့သစ်ကို တည်ဆောက်ရခြင်းသည် လက်ရှိရန်ကုန်မြို့ကို အစားထိုးရန် မဟုတ်ပဲ ရန်ကုန်မြို့ကို နိုင်ငံ၏ စီးပွားရေးမြို့တော်အဖြစ် ဆက်လက်ရပ်တည်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

          လက်ရှိတွင် ရန်ကုန်မြို့၌ အရေးပါသော အခြေခံအဆောက်အအုံများ၊လူဦးရေတိုးပွားလာမှုများအတွက်မြို့ပြအင်္ဂါရပ်များကိုလည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်နေကြောင်း၊သို့ရာတွင် ရန်ကုန်မြို့သစ်တွင်တည်ဆောက်မည့် အခြေခံအဆောက်အအုံများနှင့် ထွက်ပေါ်လာမည့် အလုပ်အကိုင် အခွင့်အလမ်းသစ်များကို လက်ရှိရန်ကုန်မြို့တွင်ဖော်ဆောင်ပေးရန် မလွယ်ကူသောကြောင့် မြေလွတ်ကွင်းပြင်တွင် တည်ဆောက်ရခြင်းဖြစ်သည်။

Source:Myawaddy

Local Read 39 times