ပင်းတယမြို့နယ် (၆၀၀၀) အမြင့် တောင်ပေါ်တွင် ရှိသော ဆီးကျအင်း၊ ပါးမဲ၊ မြေနီတောင်၊ ရှော်ပင် ရွာ ၄ ရွာအတွက် ရေဂါလံ ၁၅၀၀၀ ဆံ့ ရေလှောင်ကန်ကြီး ဆောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။
နွေရာသီတွင် ရေရှားပါးမှုကြောင့် ဒုက္ခရောက်နေသော ရွာသူရွာသားများသည် ရေတစ်ပုံးရရန်အတွက် ၃ မိုင်လောက်ဝေးကွာသော ရေထွက်ကို ရေခပ်သွားရန် ခက်ခဲလှသောကြောင့် ရေထွက်က ရေကို သိုလှောင်နိုင်ဖို့အတွက် ထိုကန်ကြီးကိုဆောက်လုပ်ခဲ့တာ ၁ နှစ်ခွဲခန့်လောက်ကြာခဲ့ကြောင်း သိရသည်။
မဟာမြိုင်ဆရာတော်က ဦးဆောင်ကာ အလှူရှင် ကိုပြည့်ဖြိုးအောင်+မဇင်မာအောင် (AA Pharmacy) မိသားစုက အလှူငွေ သိန်း(၄၀)၊ မီးအိမ်ရှင် ဖောင်ဒေးရှင်းက (၁၀) သိန်း၊ ရွာသူ ရွာသားတွေက (၂၂)သိန်း ပူးပေါင်းဆောင်ရွက်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။